Zawgyiတရွေ့ရွေ့ ထွက်ခွာသွားသော ကျောပြင်နှစ်ခု၏အလှတရား။
ငါးယောက်လုံး မျက်စိတစ်ဆုံး ငေးကြည့်နေမိကြသည်မှာ ပတ်ဝန်းကျင်ကိုပင် မေ့ချင်ချင်။
"လှတယ်"
"ဟမ်"
"အေးနော် နင့်တီတီလေးက လှလိုက်တာ"
ထက်ဂုဏ်ရှိန်အပြောကို ချိုလွန်းကိုကိုက ခေါင်းကိုဖြေးညှင်းစွာခါရမ်း၍ ဖြေလိုက်သည်။
"တီတီလေးကိုပြောတာမဟုတ်ပါဘူး ငါပြောတာ ဟိုအဒေါ်ကြီးကို"
"သြော် ......ဟမ်"
"ဘာလဲ လန့်လိုက်တာဟာ နင်ကို တဟမ်ဟမ်နဲ့ မာန်ရာ"
"နင်ပဲ အဲ့အန်တီနဲ့အကြောမတည့်ဘူး ဘာညာပြောနေပြီးတော့ အခုကျမှ လှတယ်လာလုပ်နေလို့လေ မဟုတ်မှ အဲ့အန်တီကို နင်ကြိုက်နေတာမလား"
"ပေါက်တိပေါက်ချာကြိုက်စရာလား ဂျပုမရယ် အရင်က သူနဲ့အကြောမတည့်ဘူးဆိုပေမယ့်လည်း အခုနည်းနည်းတော့ အဆင်ပြေနေပါပြီဟ ပြီးတော့ သူလှတာကလည်းအမှန်ပဲလေ အဲ့တာကြောင့် လှကြောင်းပြောတာပေါ့"
"ကိုကိုပြောတာငါလဲထောက်ခံတယ် အဲ့ဒီ့အန်တီက တကယ်ကိုလှတယ် မြင်လိုက်ရတာနဲ့မျက်စိအေးပြီး ကျက်သရေကို ရှိနေရော"
အဖွဲ့ထဲတွင်အငြိမ်ဆုံး အအေးဆုံးဖြစ်သည့် ပန်းဥသြကပါ ဝင်ရောက်ထောက်ခံလေသည်။
"ငါ့ဒယ်ဒီပြောတာတော့ နင့်တီတီလေးတို့အဖွဲ့က ကျောင်းမှာ နာမည်ကြီးပဲတဲ့ ဥပဒေမေဂျာက "သူတို့အဖွဲ့"ဆိုရင် မသိတဲ့သူမရှိဘူးတဲ့ အကုန်လုံးကချောကြလှကြတယ်ဆိုပဲ ငါလည်းနင့်တီတီလေးနဲ့အန်တီနန်းမဟော်သူကိုပဲမြင်ဖူးတာဆိုတော့ ကျန်တဲ့အန်တီက ချော မချော လှ မလှမသိဘူးဟ"
"ဟုတ်သားပဲ မာန့်ဒယ်ဒီကသိလောက်မယ်ထင်တယ် တီတီလေးတို့နဲ့ အသက်သိပ်မကွာဘူးဆိုတော့"
"အေးလို့ ဒယ်ဒီတို့နဲ့ အဆောင်ချင်းကပ်ရပ်ဆိုတော့ သိတာနေမှာပေါ့ ပြီးတော့ နင့်အဖေကြောင့်လည်းပါမယ်ထင်တယ် ငါ့ဒယ်ဒီကလည်း Eမေဂျာနဲ့ပဲကျောင်းပြီးတာဆိုတော့"
YOU ARE READING
*သာ၍ ချစ်ချင်ပါသေးသည်* *သာ၍ ချစ်ချင်ပါသေးသည်*
General Fiction*အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမှန်တကယ် တည်မြဲနေနိုင်ပါ့မလား...............* *အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမ...