အပိုင်း ( ၁၉ )

77 13 0
                                    

Zawgyi

ဘာလိုလိုနဲ့ ချိုလွန်းကိုကိုတို့  First sem စာမေးပွဲဖြေပြီးလို့ နွေရာသီပိတ်ရက်ကိုရောက်လာပြန်ပြီဖြစ်သည်။ဒီနှစ်ရဲ့ နွေကျောင်းပိတ်ရက်ကတော့ ထူးခြားသည်ဟုပြောလို့ရသည်။

အခုပဲကြည့်လေ ချိုလွန်းကိုကိုတစ်ယောက် ဘယ်သွားဖို့ပြင်ဆင်နေသလဲဆိုတော့ ဒေါ်နန်းမဟော်သူ၏ ရုံးခန်းတွင် အလုပ်သင်အနေဖြင့် သွားရောက်လေ့လာရန် ရေမိုးချိုးပြင်ဆင်နေခြင်းဖြစ်သည်။အဒေါ်ဖြစ်သူ ဒေါ်သူသူဟန်က သူမနှင့်အတူလိုက်ခဲ့ပြီးလေ့လာရန်ပြောသော်လည်း ချိုလွန်းကိုကိုက စာချုပ်ကိုပဲလေ့လာချင်သည်ဟုဆိုကာ ဒေါ်နန်းမဟော်သူဆီ တပည့်ခံရရေး ဒို့အရေးအဖြစ်ကြိုးပမ်းခဲ့ရခြင်းဖြစ်သည်။

ထိုသို့အဒေါ်ကြီးဆီတွင် တပည့်ခံခွင့်ရဖို့ဆိုတာ ကိုကို့အတွက်တော်ရုံနဲ့တော့မရချေ တီတီလေးထံတွင် ကတိအထပ်ထပ်ခံကာ နားပူနားဆာလုပ်ပြီး ကူပြောခိုင်းထားရခြင်းသာ တီတီလေးက ကိုကို့ကြောင့် သူ့သူငယ်ချင်းစိတ်အနှောင့်ယှက်ဖြစ်သွားရမည်ကိုလည်း စိုးရိမ်နေသေးသည်လေ။ခါတိုင်းကျောင်းပိတ်ရက်များတွင် အလုပ်သဘောကို နားလည်စေရန်တီတီလေးက သူမနှင့်အတူ ရန်ကုန်သို့လာနေရန်ခေါ်သော်လည်း အကြောင်းပြချက်အမျိုးမျိုးပေးကာရှောင်ခဲ့သော ကိုကိုကိုယ်တိုင်က ဒီတစ်ခါကျောင်းပိတ်ရက်တွင်တော့ အလုပ်သဘောကိုလေ့လာချင်သည်ဟုဆိုသည့်အတွက် တီတီလေးပင် အတော်လေးအံ့သြခဲ့ရသည်။

"🎶အကောင်းဆုံးမင်းကိုပေးမယ်အချစ်လေးယူမလား အကြင်နာခမ်းခမ်းနားနားကိုယ့်ရဲ့ရင်မှာ......🎶"

သီချင်းလေး တအေးအေးဖြင့်လှေကားပေါ်ကနေဆင်းလာသော တူမဖြစ်သူကြောင့် မဟော့်ဆီလိုက်ပို့ဖို့ဧည့်ခန်းမှာထိုင်စောင့်နေသည့် သူသူဟန်က မျက်မှောင်ကျုံ့ကာ ခေါင်းကိုဖြေးဖြေးချင်း ခါရမ်းနေမိသည်။

"ယူမလား မယူဘူးလားတော့မသိဘူးသမီးရေ အဲ့စတိုင်နဲ့သွားရင်တော့ တီတီလေးတူမကို မဟော်ကအပေါက်ဝကနေကို ကန်ထုတ်လိုက်မှာသေချာတယ်"

"ဟင် ...ဘာလို့လဲ တီတီလေးရဲ့ ကိုကို့စတိုင်မလန်းဘူးလား"

"လန်းပါ့ရှင် လန်းလွန်းလို့ကိုခက်နေရတာ"

*သာ၍  ချစ်ချင်ပါသေးသည်*  *သာ၍ ချစ်ချင်ပါသေးသည်*Where stories live. Discover now