အပိုင်း ( ၁၆ )

51 10 0
                                    

Zawgyi

" ကျလိကျလိ… ကျလိ ကျလိ ကျလိ"

"ကျွတ်စ်……ဘာလဲကွာ "

မနက်စောစောစီးစီး အခန်းပြတင်းပေါက်ရှေ့က သစ်ပင်မှာလာအော်နေသော စာကလေးတချို့ကြောင့် အိပ်ပျော်ရာမှနိုးသွားရသည်။

"စောစောစီးစီး ဘာလို့လာအော်နေရတာလဲ ရှူးး ရှူးး သွားစမ်းး"

ပြတင်းပေါက်ဘောင်ကို ဘယ်ဘက်လက်နှင့်ထောက်ရင်း ညာဘက်လက်ဖြင့်သစ်ပင်ပေါ်က စာကလေးများကို ချိုလွန်းကိုကို နှင်ထုတ်လိုက်သည်။

"တစ်ကောင်နှစ်ကောင်လဲမဟုတ်ဘူး လေးငါးခြောက်ကောင်ကိုစုအော်နေတာ ညဘက်တွေကောင်းကောင်းအိပ်လို့မရပါဘူးဆိုမှ"

"ဘာဖြစ်နေတာလဲသမီး စောစောစီးစီး ဆူညံဆူညံနဲ့"

"ဒီငှက်စုတ်တွေပေါ့ ကိုကိုအိပ်နေတာကို ခေါင်းရင်းကနေ လာအော်နေတာ အသိတရားကိုမရှိဘူး"

"တိရိစ္ဆာန်ပဲ သမီးရယ် ဘယ်နားလည်ပါ့မလဲ အသိဥာဏ်ရှိတဲ့ လူကပဲ သည်းခံပေးရမှာပေါ့ …ကဲပါမျက်နှာသစ် ပြီးရင်မနက်စာလာစား သမီးကြိုက်တဲ့ ပေါင်မုန့်ကြက်ဥကြော် တီတီလေးကြော်ပေးထားတယ်"

"ဟုတ်ကဲ့ တီတီလေး"

အိပ်ရေးပျက်တဲ့ညတွေက များနေပြီမို့ လူကသိပ်မလန်းချင် ထို့ကြောင့် မျက်နှာသစ်ရင်း ရေကိုပါတစ်ခါတည်းချိုးပစ်လိုက်သည်။

"ဟူးး အခုမှပဲ နည်းနည်းလန်းဆန်းသွားတော့တယ်"

ရေစက်များတွဲခိုနေသောမျက်နှာသွယ်သွယ်ကို မျက်နှာသုတ်ပုဝါဖြင့်သုတ်ရင်း ဆိုလိုက်သည်။
ထို့နောက် ကျောင်းသွားဖို့ အဝတ်အစားကိုပါ တစ်ခါတည်းလဲဝတ်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။

"ဟော ဟိုမှာလာပါပြီ ကိုမင်းရဲ့သမီး"

လှေကားမှ ဆင်းလာသော ချိုလွန်းကိုကို၏ဖြူလွန်းတဲ့အသားအရေကြောင့် ဝတ်ထားသည့်ခရမ်းဖျော့ဖျော့ မြန်မာဝတ်စုံကလေးက သူမနှင့် ပို၍ပင်လိုက်ဖက်လွန်းနေပြန်သည်။

"ဖေဖေ့သမီးလေးက ဒီနေ့တယ်လှနေပါ့လား "

"ဟီးး ဖေ့သမီးမို့လှတာနေမှာပေါ့"

*သာ၍  ချစ်ချင်ပါသေးသည်*  *သာ၍ ချစ်ချင်ပါသေးသည်*Tempat cerita menjadi hidup. Temukan sekarang