အပိုင်း( ၃ )

80 8 0
                                    

Zawgyi

"တီတီ…တီတီ…တီတီ"

စားပွဲတင်နာရီ၏ alarm အသံကြောင့် ဒေါ်နန်းမဟော်သူ အိပ်ပျော်နေရာမှ နိုးသွားခဲ့ရသည်။မျက်လုံးများကို ဖြေးညှင်းစွာဖွင့်ရင်း နာရီကိုလှမ်းကြည့်လိုက်တော့ နာရီလက်တံအရှည်က 6 လက်တံအတိုက 9ကိုညွှန်ပြနေသည်။

"6:45တောင်ရှိပြီပဲ"

ဆောင်းတွင်းရဲ့ မနက်ခင်းမို့ ခါတိုင်းထက် အအေးဓာတ်က ပိုကဲနေသည်။မန်းလေးဆောင်းက တကယ်အေးပြီးဆိုလျှင် စိမ့်နေအောင် အေးတတ်သည်။ရာသီဥတု အေးအေးလေးနဲ့ ဂွမ်းစောင်ထဲ ပြန်ကွေးချင်ပေမယ့် ရုံးသွားရဦးမည်လေ ထို့ကြောင့် အိပ်ရာထဲပြန်တိုးနေ၍ မဖြစ်တော့ချေ။

"အွန်းး ထတော့မှပါ မဟုတ်ရင် စာချုပ်ချုပ်ဖို့ ချိန်းထားတာ နောက်ကျသွားလိမ့်မယ်"

ကိုယ့်ဘာသာရေရွတ်ရင်း အိပ်ရာမှထလိုက်ကာ စောင်ကို သေသပ်စွာခေါက်လိုက်သည်။ထို့နောက် ရေချိုးခမ်းဆီဦးတည်လိုက်သည်။ အပေါ့အပါးအရင်သွားပြီး လက်ဆေးကြောကာ မျက်နှာသစ် သွားတိုက် ကိုယ်လက်သန့်စင်ဖို့ပြင်ရသည်။
သူမတစ်ဦးတည်းနေသည်မို့ အိမ်ကိုသိပ်ကြီးမားအောင် မဆောက်သော်လည်း ခြံကျယ်ကျယ်နေချင်သည်မို့  မြေကွက်ဝယ်တုန်းက ပေ 60×80နှစ်ကွက်တွဲကို ဝယ်လိုက်ခြင်းဖြစ်သည်။ အိမ်ကို အလျားပေ30အနံပေ40ယူ၍  ဘုရားခန်း၊ ဧည့်ခန်း၊မီးဖိုခန်း၊သူမအတွက်အိပ်ခန်းတစ်ခန်းနှင့်ဧည့်သည်ခန်း တစ်ခန်း၊ စာကြည့်ခန်းတို့ ပါဝင်ပြီး ခဲပြာရောင်သုတ်ထားသည့် တစ်ထပ်တိုက်ပုလေးဖြစ်သည်။ရှေ့တွင်လည်း ဝရံတာသေးသေးလေးပါသေးသည်။
အိမ်ဘေးတွင် ကားထားစရာ နေရာအနည်းငယ်နှင့် အဝင်အထွက်လမ်းဖယ်လိုက်လျှင် ကျန်တဲ့မြေနေရာအားလုံးက သီးပင်စားပင်များနှင့် ပြည့်နှက်နေပြီး အပင်ကြီးများလည်းရှိသောကြောင့် အရိပ်အာဝါသ ကောင်းသည်။ခြံထောင့်တွင်တော့ စတီးဒန်းတစ်ခု ထားရှိသည်။
တစ်ကိုယ်ရေ ဝေယျာဝေစ္စပြီးတော့ 7:00ပင်ထိုးလုပြီ။

"ဆိုင်ရောက်မှပဲ မနက်စာစားတော့မယ် အခုတော့အပင်ရေလောင်းရမယ်"

သူမသည် ပြင်ပ တရားလွှတ်တော်ရှေ့နေတစ်ယောက်ဖြစ်သည့်အတွက် ရုံးခန်းသီးသန့်ဖွင့်ထားပြီး ထိုရုံးခန်းနှင့် ဘေးချင်းကပ်လျက်မှာပင် Blue &Black ဆိုသည့် Coffeeဆိုင်လေးတစ်ဆိုင်လည်းဖွင့်ထားသေးသည်။
အလုပ်ပါးသည့် အချိန်မျိုးတွင်တော့ သူမကိုယ်တိုင် ဆိုင်ကိုကြီးကြပ်နိုင်ပေမယ့် အလုပ်များသည့်အချိန်မျိုးတွင်မူ ဆိုင်ကိုတစ်ဖက်ကြည့်လို့ရအောင် ကပ်လျက် တွဲဖွင့်ထားလိုက်ခြင်းဖြစ်သည်။

*သာ၍  ချစ်ချင်ပါသေးသည်*  *သာ၍ ချစ်ချင်ပါသေးသည်*Onde as histórias ganham vida. Descobre agora