အပိုင်း ( ၆ )

68 8 0
                                    

Zawgyi

"တစ်… နှစ်… သုံး… လေး… ငါး… ခြောက်"

"ဟိဟိ ထောင်ကျပြီဟေ့ ဘယ်လိုလဲ တရားခံတွေကို အမိန့်ချတဲ့ အမကြီး အခုတော့ ယူ ဂျေးအောင်းရပြီ"

ကစားကွက်ရွေ့ဖို့ အံစာနှစ်တုံးပေါင်းခြင်းက (ခြောက်) ကျသည်မို့ ထောင်ထဲတန်းတန်းမတ်မတ်ကြီး ဝင်သွားရသောကြည်ပြာ့ခမျာ အောက်သက်သက်နှင့် ခံလိုက်ရသည်။

"အေးပါ ရယ်ထား ရယ်ထား လုပ် မဟော့်အလှည့်"

"ရှစ်"

"စင်ကာပူ လာထားငါ့မြို့  ဒေါ်လာတစ်ရာပေး"

"ရော့ ရော့တစ်ရာ"

"သူသူ ပစ်တော့"

"သုံး"

" ကံ ကျတယ် လုပ်တစ်ကဒ်ဆွဲ"

ကံ တစ်ကဒ်ကိုဆွဲယူကြည့်ပြီး သူသူဟန့်မျက်နှာ ရှုံ့မဲ့သွားသည်။

"ဘာတဲ့လဲ ပြကြည့်"

သူသူ့လက်ထဲက ကဒ်ကို မဟော်တို့နှစ်ယောက်ပြိုင်တူ လှမ်းကြည့်ပြီး နှစ်ဦးစလုံး အသံထွက်အောင်ရယ်မိကြသည်။

"ထောင်သို့သွားပါတဲ့  ဟားဟားဟား ပြောပါတယ် ဝဋ်ဆိုတာ နောက်ဘဝမကူးပါဘူးလို့"

"ဟွန်းး ရယ်ကြပါ   မဟော်ယူပဲကျန်တော့တယ် လာခဲ့ တို့တွေထောင်ထဲက စောင့်နေမယ်လေ"

"နိုးပါ ကိုယ်က အမိန့်ချတဲ့သူလည်းမဟုတ်ဘူး ဆွဲချတဲ့သူလည်းမဟုတ်ဘူး အဲ့တော့ မလာတော့ဘူးနော် ကျေးဇူးပဲ"

လျှာထုတ်ပြောင်ရင်း မချိုမချဉ်မျက်နှာဖြင့် မဟော်ပြောလိုက်သည်။

…………

"တီတီလေးရေ တီတီလေး…… ဘယ်သူမှလဲ မမြင်ဘူး"

သံတံခါးကို ကလန့်ထိုးရုံ ထိုးထားသည်မို့ ချိုလွန်းကိုကို လက်နှိုက်ဖွင့်၍ ခြံထဲဝင်လိုက်သည်။

"တီတီလေးရေ"

"ဟိတ် သူသူ မင်းတူမအသံထင်တယ်နော်"

"အေးဟုတ်မယ်"

"ကိုကိုလား သမီးဝင်လာခဲ့လေ"

"တီတီလေး ဟူးးး မောလိုက်တာ တီတီလေးတို့က ခေါ်မကြားအော်မကြားနဲ့ သူခိုးသာဆို ကုန်လောက်ပြီ"

*သာ၍  ချစ်ချင်ပါသေးသည်*  *သာ၍ ချစ်ချင်ပါသေးသည်*Where stories live. Discover now