အပိုင်း ( ၁၅ )

52 8 0
                                    

Zawgyi

ဒီနေ့က ရက်သတ္တပတ်ရဲ့ပထမဆုံး ရုံးပိတ်ရက်စနေနေ့။ မနက်ဖြန်တွင်တော့ သူသူဟန်၏ သုံးဆယ့်ရှစ်နှစ်ပြည့်မွေးနေ့။

ထို့ကြောင့် ဘုန်းကြီးဆွမ်းကပ်ရန်နှင့် လူတွေကို အုန်းနို့ခေါက်ဆွဲကျွေးမည်ဟု လုပ်ထားသောကြောင့် လိုအပ်တဲ့ အသားငါးများနှင့် ဘုန်းကြီးပွဲအတွက် အချိုပွဲဝယ်ရန် ဒီနေ့ညနေကတည်းက ဈေးသို့ကြိုသွားထားရပေမည်။အသီးအရွက်ကတော့ မဟော့်အိမ်မှာစိုက်ထားသည့် အသီးအရွက်တွေနဲ့ပင် လုံလောက်နေပြီမို့ တကူးတကကြီး လိုက်ဝယ်နေစရာမလိုတော့။
ဦးနို့ခေါက်ဆွဲမုန့်ဖက်က မနက်ဖြန်မနက်မှ သွားယူလည်း ရသည့်အတွက် ဒီနေ့မနက်ကပဲ မုန့်ဖက်ဒိုင်ကို လူအယောက်50စာလောက်ယူမည်ဟု ကြိုပြောရုံသာ ပြောထားလိုက်သည်။

လူတွေကလည်း သူသူဟန့်လုပ်ဖော်ကိုင်ဖက်နှင့် လူရင်းတွေလောက်သာဖိတ်ထားသည်မို့ ဧည့်သည်က သိပ်များများစားစားမရှိချေ။ အစကဘုန်းကြီးပွဲအတွက်ပဲ မဟော့်ကိုချက်ပေးဖို့အကူညီတောင်းပြီး လူတွေအတွက်ကျ ဆိုင်ကမှာကျွေးဖို့စီစဉ်ထားသော်လည်း မဟော်ကအုန်းနို့ခေါက်ဆွဲရော သူချက်ပေးမည်ဟု ဆိုသောကြောင့် အကုန်လုံးဝိုင်းကူမှဖြစ်တော့မည်။မဟော်တစ်ယောက်ထဲသာဆို လက်မလည်ဖြစ်နေရမည်မဟုတ်လား။

"တီ တီ"

"လာပြီ လာပြီ"

"သူသူရေ ပြီးပြီလား သွားကြစို့လေ"

"သွားမယ်လေ ဒါနဲ့ ယူတို့ခဏလေးစောင့်ဦး တို့ လက်ရှည်လေးတစ်ထည်လောက် သွားဝတ်လိုက်ဦးမယ် ညနေဘက်ရောက်လာရင် နဲနဲချမ်းစိမ့်စိမ့်ဖြစ်ချင်တယ်ကွ"

"အေး သွားလေ"

"နင်ကသာ ချမ်းစိမ့်စိမ့်လုပ်နေ ဒီမိန်းမကဖြင့် သူ့ဆံပင်အထူကြီးကို အခုမှလျှော်လာတာလေ"

driver setနေရာမှာထိုင်နေသော မဟော့်ကို မေးတစ်ချက်ထိုးပြရင်း ကြည်ပြာသူ ပြောလိုက်သည်။

"ဟုတ်ပကွယ်မဟော်ကလည်း ညနေစောင်းကြီးရောက်မှလျှော်ရတယ်လို့  ဖျားနေဦးမယ်နော် ယူ"

"လူကနည်းနည်းမလန်းချင်သလိုဖြစ်နေလို့ လျှော်လိုက်တာပါကွ ကိုယ်ဘာမှမဖြစ်ပါဘူးကွာ စိတ်မပူနဲ့"

*သာ၍  ချစ်ချင်ပါသေးသည်*  *သာ၍ ချစ်ချင်ပါသေးသည်*Where stories live. Discover now