အပိုင်း ( ၈ )

64 6 0
                                    

Zawgyi

မဟော် ဒီနေ့ သွားရမယ့် နေရာကများသည်မို့ ဆိုင်ကယ်မယူတော့ဘဲ ကားကိုသာ ယူခဲ့လိုက်သည်။အရင်ဆုံး မိမိရုံးခန်းကိုအရင်သွား၍ ချုပ်ဆိုပေးရမည့် စာချုပ်တို့အား ချုပ်ဆိုပေးပြီး ရုံးခန်းကို တုန်တုန်နှင့်ထားခဲ့ရသည်။
ထို့နောက် တရားရုံးသို့သွား၍ မအေးဖြူ၏အမှုတွဲတက်လာပြီလားဆိုတာ ကြည်ပြာ့ကိုသွားမေးရင်း အမှုဖြစ်စဉ်အကျဉ်းချုပ်ကို သူမအားပြောပြခဲ့ရသည်။
တရားရုံးကပြန်တော့ စခန်းခဏသွားပြီး စခန်းမှူးနှင့်စကားပြောရသည်။ပြီးနောက် မအေးဖြူအား သွားတွေ့လိုက်သည်။

"မအေးဖြူရဲ့အမှုတွဲက ရုံးကိုတော့တက်မလာသေးဘူးပြောတယ် ဒါပေမယ့် လောလောဆယ်တော့ ဒီအချုပ်ထဲမှာပဲ နေရမယ်အမ  အမှုစစ်မှသာ အမကိုရုံးထုတ်စစ်မှာ"

"ဟုတ်ကဲ့ ဆရာမလေး"

"ရှေ့နေအတွက်ကတော့ မပူပါနဲ့ ကျနော်ပဲလိုက်ပေးမယ် ကလေးတွေကျတော့လည်း အခု ဒေါ်လေးတင်ခဏခေါ်ထားပေးတယ် အမတို့အိမ်က လောလောဆယ် နေလို့ရဦးမှာ မဟုတ်သေးဘူး ကိုကျော်ဝင်းက ဆုံးသွားတာဆိုတော့ ရဲဘက်က စစ်ဆေးစရာရှိတာ စစ်ဆေးကြဦးမှာ"

"ဟုတ်ကဲ့ …… ကျမကြောင့်သူတကယ်ဆုံးသွားတော့  စိတ်မကောင်းဘူး ဆရာမလေးရယ် အဲ့နေ့က သူရိုက်တာကို ကျမ ငြိမ်ခံနေလိုက်သင့်တာ"

ကိုကျော်ဝင်းအကြောင်းကြားသည်နှင့် မျက်ရည်များကျကာ ပြောလာပြန်သည်။

"ဘယ်တတ်နိုင်မလဲအမရယ် ဖြစ်ပြီးပြီပဲ"

"ပြီးတော့ အမတင်ကို ကျေးဇူးတင်ကြောင်းပြောပေးပါနော် … …  ဒါနဲ့ရှေ့နေခကတော့ အခုကျမမှာ ပေးစရာမရှိသေးလို့ပါဆရာမလေး  ဘယ်လိုမှသဘောမထားပါနဲ့ ဒါလေးပဲယူထားပေးပါနော်"

ပြောရင်းနှင့် သူမ၏နားနှစ်ဖက်မှာရှိသော ကျောက်စိမ်းပွင့်သေးသေးလေးကို ရွှေကွပ်ထားသည့် နားကပ်တစ်စုံအား ချွတ်၍ မဟော့်လက်ထဲ ထည့်ပေးလာသည်။

"မလိုပါဘူး အမအေးဖြူရယ် နောက်မှပေးပါ မပေးရင်လည်း ဖြစ်တာပါပဲ ကျနော်ကူညီတယ်လို့ပဲသဘောထားလိုက် အမတို့မပြေလည်တာ ကျနော်သိပါတယ် ပြီးတော့ မိန်းမတစ်ယောက်က နားပေါက်ရှိပြီးနားကပ်မရှိရင် မတင့်တယ်ဘူးတဲ့ ပြန်ဝတ်ထားလိုက်ပါနော်"

*သာ၍  ချစ်ချင်ပါသေးသည်*  *သာ၍ ချစ်ချင်ပါသေးသည်*Where stories live. Discover now