အပိုင်း ( ၁၄ )

48 9 0
                                    

Zawgyi

ဒီတစ်ခါ သူသူဟန်တစ်ယောက် စားပွဲပေါ်မေးထောက်ပြီးကြည့်နေသည့်အရာလေးတွေဟာ အသည်းပုံချိုချဉ်ဖောင်းဖောင်းလေးတွေမဟုတ်တော့။ထိုအစားသစ်ရွက်အရိုးတံလေးများနှင့်ထိုးသွင်းကာ သီကုံးထားသည့် ခရေပန်းပွင့်ကလေးတွေသာ ဖြစ်သည်။
မှတ်မှတ်ရရပြောရမည်ဆိုပါလျှင် သူသူဟန်တို့ သူငယ်ချင်းသုံးယောက်စလုံး ထိုအသည်းပုံ ချိုချဉ်ဖောင်းဖောင်းလေးတွေရဲ့ နောက်ကွယ်ကလူဟာ ဘယ်သူဖြစ်နိုင်လဲဆိုတာကို လက်ဖက်ရည်ဆိုင်မှာ သွားရောက် ထောက်လှမ်းခဲ့သောနေ့က စသည်ဟုပင် ပြောနိုင်လေသည်။
ချိုချဉ်လုံးများရောက်လာသည်မှာလည်း ထိုနေ့ကနောက်ဆုံးပင်။ နောက်ရက်များတွင်တော့ အသည်းပုံချိုချဉ်လုံးများရောက်မလာတော့ဘဲ ထိုအစား အခုလို ခရေပန်းခက်ကလေးများသာ သူသူဟန်ရုံးမရောက်လာခင်ထဲက သူမစားပွဲပေါ်တွင် မနက်ခင်းတိုင်း ကြိုရောက်နှင့်နေခဲ့သည်လေ။

"ခရေပန်းတွေရောက်နေပြန်ပြီလား သူသူ"

မိမိရုံးခန်းထဲဝင်ဝင်ချင်းမှာပင် သူသူဟန့်မျက်နှာလှလှသည် သူ့စားပွဲပေါ်က ခရေပန်းကလေးတွေ၏တရားခံကို တွေးတောနေဟန် ဖြစ်နေသည်မို့

"အင်းး"

"နင် ပန်မှာလား"

"ဟင့်အင်း"

"ဒါဆို ငါ့ကိုပေး ငါဘုရားကပ်လိုက်မယ်"

ဟုတ်သည်လေ  မပန်မယ့် အတူတူတော့ ပန်းလေးတွေကို ဘုရားကပ်လိုက်တာမှ ပေးတဲ့သူရော ရ ထားတဲ့သူပါ ကုသိုလ်ရဦးမည်မဟုတ်လား။ရုံးခန်း ဗီဒိုထဲက ဖန်ခွက်တစ်ခွက်ကိုယူကာ ထိုခရေပန်းခက်လေးများကိုထိုးစိုက်ပြီး ဘုရားကပ်ဖို့ပြင်လိုက်သည်။

"အမတို့ မောနင်းး"

"မောနင်း ညီမလေး"

"မောနင်း ဒါနဲ့ ဒီနေ့ရုံးကိုစောစောရောက်နေပါလား ညီမအိမ်ဦးမောင်"

"ဟုတ်တယ်အမ ကျမကို ဒီနေ့ စောလာခဲ့ဖို့ ဆရာဦးဝင်းမြင့်က ပြောထားလို့လေ"

"သြော်"

"ကျမကို ဒီစာရွက်လေးတွေမှာ တံဆိပ်တုံးလေးထုပေးပါဦး အမကြည်ပြာ"

*သာ၍  ချစ်ချင်ပါသေးသည်*  *သာ၍ ချစ်ချင်ပါသေးသည်*Where stories live. Discover now