အပိုင်း (၂ )

104 10 0
                                    

Zawgyi

"မောင်ရင်တို့ ပစ္စည်းတွေကို သေချာ နေရာချထားပြီး အပြီးစီးသာ လုပ်ပေးခဲ့ပါကွာ"

"ဟုတ်ကဲ့ ဦး ကျွန်တော်တို့ကိုစိတ်ချ သေချာစိတ်တိုင်းကျတဲ့အထိ လုပ်ပေးခဲ့မယ်"

အိမ်ပြောင်းဝန်ဆောင်မှုက ကောင်လေးတွေအား ဘယ်ပစ္စည်းဘယ်နေရာထားရမည်ဆိုတာ လိုက်ပြရင်း ဦးမင်းကိုဟန် အလုပ်ရှုပ်နေလေသည်။ဒါတောင် ဒီဇင်ဘာပိတ်ရက်ပြောင်းလိုက်သည်မို့ ပညာရေးဝန်ထမ်းဖြစ်သည့် သူ့အတွက် အဆင်ပြေသွားခြင်းပင်။

"ဦး ရေခဲသေတ္တာဘယ်နားထားမလဲ ကျွန်တော်တို့သယ်ခဲ့လိုက်မလို့"

"အေးအေး သယ်ခဲ့လိုက် ရေခဲသေတ္တာက မီးဖိုခန်းထဲထည့်မှာ"

" ဒီစက်ဘီးရော ဘယ်နားထားမလဲ ဦး"

"ဟေ... အေး အဲ့စက်ဘီးကို ဘေးကကားဂိုထောင်ထဲ ထောင်ထားခဲ့လိုက်ကွာ တခြားဘာပစ္စည်းချဖို့ ကျန်သေးလဲကွ"

"မကျန်တော့ဘူး ဦး ဒီပန်းအိုးတွေချပြီးရင် ကုန်ပြီ"

"ဟုတ်ပြီ အဲ့ပန်းပင်တွေကိုခြံထဲက လျှောက်လမ်းမှာ စီထားလိုက်ကွာ"

"ဟုတ်ကဲ့ ဦး ကျွန်တော်တို့သေချာစီထားပေးခဲ့ပါ့မယ်"

"အေး အေး"

5 mins later......

" ဦး စီထားခဲ့ပြီဗျ စိတ်တိုင်းကျရဲ့လား တစ်ချက်လာကြည့်ပေးပါဦး"

အိမ်အဝင်လမ်းတစ်လျှောက် နှင်းဆီနှင့်တခြားပန်းပင်တွေကတစ်ဖက် ဂမုန်းပင်နဲ့ ဆေးဖက်ဝင်အပင်တွေကတစ်ဖက် သပ်သပ်ရပ်ရပ်စီတန်းပေးထားသည်မို့ စိတ်တိုင်းကျရသည်။

"ရပြီ ရပြီ မင်းတို့အဖွဲ့က တော်သားပဲကွ အလုပ်လုပ်တာ စနစ်ကျတယ်"

"ကျေးဇူးပါ ဦး"

"ရော့ မောင်ရင်တို့ ဒါကပြောင်းရွေ့ခ ရှစ်သောင်း ဒီနှစ်သောင်းကတော့ မုန့်ဖိုးကွာ လက်ဖက်ရည်သောက်ကြပေါ့"

"ဟုတ်ကဲ့ ဦး ကျေးဇူးတင်ပါတယ်ဗျ ကျွန်တော်တို့ကို ခွင့်ပြုပါဦး နောက်လဲလိုအပ်ရင် ဆက်သွယ်ပါဗျ"

"ဟုတ်ပါပြီဗျာ ကောင်းကောင်း သွားကြမောင်ရင်တို့ "

"ဟုတ်ကဲ့ ဦး"

*သာ၍  ချစ်ချင်ပါသေးသည်*  *သာ၍ ချစ်ချင်ပါသေးသည်*Where stories live. Discover now