အပိုင်း ( ၁၃ )

54 11 0
                                    

Zawgyi

ဒီနေ့ မအေးဖြူကို ရုံးထုတ်စစ်ဆေးရမည့်နေ့ဖြစ်တာမို့ ချမ်းမြသာစည် မြို့နယ်တရားရုံးသို့  မဟော်ရောက်နေရခြင်းဖြစ်သည်။မနက်ပိုင်းအမှုကြားနာပြီးသည်နှင့် ကြည်ပြာက သူ့ရုံးခန်းကိုသွားနှင့်လေသည်။ မဟော်ကတော့ မအေးဖြူကိုကလေးတွေအတွက် စိတ်မပူဖို့နှင့် ပြောစရာရှိတာတချို့ပြောဆိုပြီးမှ ကြည်ပြာတို့ရှိရာသို့ သွားလေသည်။

"မဟော် ဒီနေ့နင်ရောက်နေတာနဲ့အတော်ပဲ ဟိုမှာကြည့်"

သူသူ့စားပွဲပေါ်က အသည်းပုံချိုချဉ်ဖောင်းဖောင်းလေးတွေကို မေးငေါ့ပြပြီး ကြည်ပြာက ပြောလေသည်။
သူသူဟန်ကတော့ကုလားထိုင်မှာထိုင်နေရင်း သူ့စားပွဲပေါ်က အသည်းပုံချိုချဉ်လေး လေးလုံးကို မေးထောက်ကာကြည့်နေသည်။

"ချိုချဉ်တွေ ဝယ်ထားတာလား သူသူ မင်းကအချိုမကြိုက်ပါဘူး ဘယ်လိုဖြစ်ပြီး"

"ဝယ်ထားတာမဟုတ်ဘူးဟေ့ သူ့ကိုဘယ်သူက လာပြီးဆက်သနေလဲမသိပါဘူး ကလေးကုလားနဲ့ ဒီနေ့နဲ့ဆို အဲ့ချိုချဉ်တွေရောက်လာတာ ငါးရက်လောက်ရှိနေပြီ အခုကော ဘယ်ချိန်ထဲကရောက်လာတာလဲ ဒီချိုချဉ်တွေက"

"ယူ ထွက်ပြီးမကြာဘူး တို့လည်းအပြင်ကို ခဏလောက် လက်သွားဆေးတာကွာ အဲ့ကနေပြန်လာတော့  ဒါတွေရောက်နေတာပဲ"

"ရုံးက လူ တစ်ယောက်ယောက်ပဲဖြစ်မှာပေါ့ကွ အပြင်လူက ရုံးခန်းထဲအထိဝင်လာလို့မှ မရတာကို"

"အဲ့တာတော့သိတာပေါ့ဟာ ဘယ်သူဖြစ်နိုင်လဲဆိုတာ ကူစဉ်းစားပေးဦး ငါလည်းမခန့်မှန်းတတ်တော့ဘူး သူသူလည်းခေါင်းခြောက်နေပြီ သူ့ကိုလူပျိုစကားလာပြောတဲ့သူလည်းမရှိဘူးတဲ့ ပြီးတော့ ငါစဉ်းစားကြည့်ရသလောက်က ရုံးကဘယ်ယောက်ျားသားမှ မဖြစ်နိုင်လောက်ဘူး"

"ဘာလို့လဲ"

"ရုံးမှာ ယောကျာ်းသားက များများစားစား ရှိတာမှမဟုတ်တာ ပြီးတော့ ရှိတဲ့သူတွေကလည်း အိမ်ထောင်သည်တွေများတယ်လေ လူပျိုဆိုလို့ ဆရာဦးပိုင်စိုးရယ် ဆရာဦးဝင်းမြင့်ရယ်ပဲရှိတာ ဒါပေမယ့် သူတို့နှစ်ယောက်လုံးက အသက်ကလည်း သူသူ့ထက် အများကြီး ကြီးတယ်ဆိုတော့ သူသူ့ကို ကြိုက်နေရင်တောင် ဒီလိုလူငယ်ဆန်တဲ့အလုပ်တွေကို မလုပ်လောက်ပါဘူး"

*သာ၍  ချစ်ချင်ပါသေးသည်*  *သာ၍ ချစ်ချင်ပါသေးသည်*Where stories live. Discover now