အပိုင်း ( ၁၂ )

60 11 0
                                    

Zawgyi

ဒေါ်နန်းမဟော်သူ၏အလှည့်ပြီးသွားပြီးတော့ ဒေါ်သူသူဟန် အလှည့်သို့မရောက်မှီ  ကလေးတွေထိုင်ရတာကြာမြင့်နေပြီမို့ အပေါ့အပါးသွားရန်နှင့်အညောင်းအညာဖြေရန်အတွက် 15မိနစ်ခန့်ပေးနားလေသည်။ဒေါ်သူသူဟန်သည်လည်း ထိုင်နေရတာကြာပြီမို့ ခဏတဖြုတ် ထကာလမ်းလျှောက်နေသည်။ဒေါ်နန်းမဟော်သူကတော့ ခုနလေးကတင် မတ်တပ်ရပ်ပြီးဟောပြောထားရသောကြောင့် သူမအတွက်စီစဉ်ပေးထားသည့် ထိုင်ခုံမှာ ခဏဝင်ထိုင်ကာ နားနေလေသည်။

" ဂြီ…… ဂီြ "

"ဟို ကျမဗိုက်က မြည်တာ အမ မဟော်"

သူမ၏ဝမ်းဗိုက်ထဲက တဂြီဂြီ အော်မြည်သံကြောင့် ရှက်ကိုးရှက်ကန်းဖြင့် လှမ်းဖြေနေသော အိမ်ဦးမောင်ကို ကြည့်ရင်း

"နေ့လယ်စာ မစားလာခဲ့ဘူးလားညီမလေး"

"ဟုတ်  ဒီနေ့မနက်ပိုင်းရုံးချိန်းရှိနေသေးတော့ ဒီကို ရုံးကနေပဲတန်းလာလိုက်တာ နောက်ကျနေမှာစိုးတာနဲ့ လမ်းမှာဘာမှ ဝင်မစားခဲ့ရပါဘူးအမရယ်"

"ရုံးက 12 ဆို ထမင်းစားနားပြီမလားညီမရဲ့"

"ဟုတ်တယ်အမ  ဒီနေ့အမှုစစ်တာက အချေအတင်ဆိုတော့ အချိန်နည်းနည်းကြာသွားလို့ရယ် ဟီးဟီးး "

အိမ်ဦးမောင်ဆိုသည်မှာလည်းအဲ့လိုပင် အမှုစစ်ရာမှာ တစ်ဘက်ရှေ့နေနဲ့သူမက အချေအတင်မဖြစ်တဲ့caseဆိုတာခပ်ရှားရှားရယ် ထိုသို့ဖြစ်တိုင်းလည်း အိမ်ဦးမောင်က သူမဖြစ်ချင်သည့်အခြေအနေထိရောက်အောင်မရမကကို ဆွဲခေါ်၍ပြောတတ်လေသည်။

"ဟားဟားဟားဟား"

အိမ်ဦးမောင်သည်လည်း အမှုစစ်တာတော့ တော်တော်လေး ကျွမ်းကျင်သောသူတစ်ယောက်ဖြစ်သည်။ ဒီမိန်းကလေးက အသက်သာငယ်သေးတာ အလုပ်မှာတော့ တကယ်ပင် တော်ပါသည်။ တစ်ခါတစ်လေ မဟော်နှင့်ပင် ထိပ်တိုက်တွေ့သည့်အခါများရှိလေသည်။

ထိုသို့ တရားခွင်တွင် နှစ်ဦးနှစ်ဘက်ထိပ်တိုက်တွေ့ရသည့်အချိန်များ၌ သတ်မှတ်ချိန်ကျော်သည်အထိပင် မဟော်နှင့်အချေအတင် ဖြစ်တတ်သေးသည်လေ။သူမကလည်းမလျော့ ကိုယ်ကလည်းမလျော့ ဒါတောင် ထိပ်တိုက်တွေ့ရသည့်caseက အနည်းငယ်ပဲရှိလို့သာပေါ့  များများ များရင် ထိုcaseကိုင်ရသည့်ခုံက တရားသူကြီးထွက်ပြေးမှာ အသေအချာပင်။

*သာ၍  ချစ်ချင်ပါသေးသည်*  *သာ၍ ချစ်ချင်ပါသေးသည်*Where stories live. Discover now