အပိုင်း ၄

733 14 2
                                    

"ဟေ့ကောင် မင်းဘယ်တွေသဝေထိုးနေလို့အခုမှပြန်လာတာလဲကွ ဟမ်!"
အိမ်ပြန်ရောက်လာတော့မကြားချင်တဲ့သူရဲ့အသံကိုကြားလိုက်ရသည်။ ထိုသူကားအခြားသူမဟုတ်သူ့အကိုတစ်ဝမ်းကွဲပင်ဖြစ်သည်။

"ကျွန်တော်ဓာတ်ပုံရိုက်ပြီးပြန်လာတာပါကိုဇော်ခန့်"

"အေး မင်းရဲ့အဲ့သောက်အဓိပ္ပာယ်မရှိတဲ့စောက်လုပ်တွေပဲလုပ်နေ အိမ်အလုပ်ကူလုပ်ဖို့ရာကြတစ်စက်မှစိတ်ကူးမရှိဘူး"

"ကျွန်တော်ထမင်းချက်ခဲ့‌တယ်လေကိုဇော်ခန့်ဟင်းကတော့ဒေါ်လေးကသူချက်ခဲ့တယ်ပြောလို့မချက်ခဲ့တော့တာ"

"ပြီးတော့ကိုဇော်ခန့်ကျွန်တော်မြတ်နိုးတဲ့အဲ့အလုပ်ကိုအဲလိုစော်စော်ကားကားမပြောပါနဲ့ကျွန်တော်မကြိုက်ဘူး"

"ဟက်! မင်းလိုသူများအိမ်ခိုကပ်နေရတဲ့သူကများလေကြီးလေကျယ်ပြောနေသေးတယ် မင်းသိထားရမှာက အခုမင်းနေနေတဲ့အိမ်ကငါ့အမေအိမ်ကွ အဲတာမင်းခေါင်းထဲမှာစွဲနေအောင်မှတ်ထား"ဆိုပြီးသွေးသစ်ရဲ့နားထင်ကိုလက်နဲ့ထောက်ကာပြောလေသည်။

"ကျွန်တော်ကဒေါ်လေးအိမ်မှာခိုကပ်နေနေရတယ်ဆိုပေမယ့်အခုကိုဇော်ခန့်တို့စားနေတဲ့ထမင်းဟင်းတွေကကျွန်တော်နဲ့ဒေါ်လေးရဲ့လုပ်အားခတွေနဲ့စားနေရတယ်ဆိုမမေ့ပါနဲ့ဦးကိုဇော်ခန့်"

သွေးသစ်ဆိုတာဒီလိုလူမျိုးပင်သူ့ကိုသာကြိုက်သလိုပြောလို့ရတယ်သူမြတ်နိုးတဲ့အရာကိုထိရင်တော့ဆတ်ဆတ်ထိမခံတတ်တဲ့လူစားမျိုးပင်

"တောက်!မင်းကများပြောရတယ်ရှိသေး! ငါကွာ!"

:ခွပ်

"အ"

"မှတ်ထား ခွေးပါးစပ်ကနတ်စကားထွက်ချင်ဦး"

"ငါ့အမေကျွေးမွေးလာလို့လူလားမြောက်လာတဲ့ကောင်ကများငါ့ကိုပြောရဲသေးတယ် နောက်ခါထပ်ပြောရင်ဒီ့ထက်ပိုနာမယ်မှတ်"

"အဲ့တာဘာတွေဖြစ်နေကြတာလဲ"
တံခါးဝမှထွက်လာသောအသံ ကျန်တဲ့သူတော့မဟုတ်ဒေါ်လေး၏အသံပင်ဖြစ်သည်။

"ဒီမှာလေ ဒီခွေးကောင်ပေါ့ကျွန်တော့်ကိုအလုပ်မရှိအကိုင်မရှိကောင်ဆိုတဲ့စကားမျိုးပြောတယ်"
ဇော်ခန့်ကအားကိုးလာပြီဆိုသည့်သဘောနဲ့အရင်ပြေးတိုင်သည်။

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now