EXTRA

329 3 0
                                    

ရန်ကုန်မြို့ကအိမ်ကြီးတစ်လုံးမှာတော့သားအဖသုံးယောက်ရယ်ဦးကွန်းစံရယ်ပူအိုက်လှတဲ့နွေရာသီကိုကျော်ဖြတ်နေရသည်။

"ဒယ်ယီ ရှော့ရအောင်"

"Daddyမအားလို့နော်သမီးငယ် ခနလေး ဒီပုံလေးလက်စသတ်ချင်လို့"

"နောက်မှသတ်ပါ ရှော့ချင်ယို့ပါဆို"

"သမီးငယ်ကလဲလိမ္မာတယ်လေနော် ခနလေး ငါးမိနစ်ထဲရယ်"

"ကတိနော်"

"ကတိ ကတိ"

"ဒါဆိုဟုတ်ပြီ"
ဒါဆိုဟုတ်ပြီဆိုပြီးကွန်းကိုပြောပြီးသွားတော့သွေးသစ်ဘက်လှည့်လာပြန်သည်။

"ဖေဖေ မီးမီးချိုရည်တောက်ချင်လို့"

"နောက်နေ့မှသောက်လေသမီးငယ်ရ ထမင်းမစားခင်တုန်းကလဲသောက်ထားသေးတာကို"

"ဟွန့် ဖေဖေရောဒယ်ဒီရောချိတ်ချိုးရယ် တော်ပြီဘိုးဘိုးကြီးဆီပဲတွားတော့မယ်"

"ဟော"
သွေးသစ်တစ်ယောက်မနိုင်စိန်သူ့သမီးကို 'ဟော' လို့ပြောရုံကလွဲရင်ဘာမှမပြောနိုင်တော့ပေ။ခနကြာတော့ပုံဆွဲပြီးသွားတော့မျက်မှန်ကိုချွတ်လိုက်ရင်းသွေးသစ်ကိုလာဖက်သည်။

"ပယင်း"

"ပြောလေမောင်"

"သမီးငယ်သနားပါတယ်နော်"

"ဘာလို့လဲ"

"ကစားဖော်မရှိလို့လေ သမီးငယ်ကမောင်နဲ့ကစားချင်နေတာမောင်ကလဲမအားတော့ကစားမပေးနိုင်ဘူး"

"အင်းဟုတ်တယ် ဟိုမှာဆိုသူ့တီတီနဲ့ကစားနေကြလေ"

"သမီးကိုတစ်ခုခုလုပ်ပေးရင်တော့သမီးလဲမပျင်းတော့ဘူး"

"ဘာလုပ်ပေးမှာလဲ"

"မောင်လေး ဒါမှမဟုတ်ရင် ညီမလေးတစ်ယောက်ထပ်မွေးပေးလိုက်မယ်လေ အဲ့တာဆိုသမီးလဲမပျင်းရတော့ဘူး ကစားဖော်လဲရတယ်"
သွေးသစ်ကွန်းလက်လေးကိုရိုက်လိုက်ရင်း

"ခွေးကောင် ငါကအတည်မှတ်လို့"

"အတည်ပြောနေတာပဲလေမောင့်ပယင်းကလဲ"

"ငါ့ကိုကလေးမွေးစက်မှတ်နေတာလားကွန်းအသင်္ချေ"

"အဟား မဟုတ်ပါဘူး မောင်ကသမီးပျင်းမှာစိုးလို့စေတနာနဲ့အကြံပေးတာကို"

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now