အပိုင်း ၃၂

356 4 0
                                    

"ကိုကို"

"ရောက်လာပြီလား"

"Sorryကျွန်တော်နည်းနည်းနောက်ကျသွားတယ်ကိစ္စတွေမပြတ်သေးလို့"

"ရပါတယ် သွားရအောင်လေ"

"ဟုတ်"

ပွဲသို့ရောက်သော်

"ကွန်းပါလိုက်မှာမလား"

"လိုက်ခဲ့ရမှာလား"

"လိုက်ခဲ့လေကွန်းမဟုတ်ရင်ကျွန်တော်တစ်ယောက်ထဲအဖော်မရှိဘူး"

"အဖော်မရှိလို့ခေါ်တာလား"

"မဟုတ်ပါဘူး လိုက်စေချင်လို့ပါဟိုဟာကဒီတိုင်းပြောလိုက်တာ"

"သိပါတယ်ကျွန်တော်ကတမင်စနေတာသွားရအောင်လာ"
ဆိုပြီးပယင်းကိုလက်ကိုဆွဲကာခန်းမထဲသို့ဝင်သွားလေသည်။
ခန်းမထဲသို့ရောက်တာနဲ့လူတစ်ယောက်ကကွန်းကို

"Bossရောက်လာပြီလားကြွပါဒီဘက်ကို"

"အင်းခင်ဗျားခေါ်ရမှာသူ့ကိုကျွန်တော့်ကိုမဟုတ်ဘူးဒီမှာဆုရတဲ့သူက"

"ဟုတ် ဒီကအကိုလေးကြွပါဒီဘက်ကို"
ပွဲကလူတစ်ယောက်ကသွေးသစ်ကိုခေါ်ပေမယ့်သွေးသစ်တန်းလိုက်မသွားနိုင်ပဲဖြစ်နေလေသည်။ကွန်းကဘာလဲ။ဟိုလူကကွန်းကိုBossလို့ခေါ်တော့ကွန်းကဒီပြခန်းရဲ့

"လိုက်သွားလိုက်လေပယင်းရဲ့ဟိုကစောင့်နေတာကြာနေပြီ သွားသူ့နောက်ကလိုက်သွားလိုက်"

"ဟုတ် ဟို"

"ကျွန်တော်ကိုသူခန့်တို့ကိုသွားစောင့်လိုက်ဦးမယ်"

"ကဲပရိတ်သတ်များအားလုံးကျွန်တော်တို့ဒီတစ်ခေါက်မှာကျင်းပခဲ့တဲ့ဓာတ်ပုံပြိုင်ပွဲမှာပထမဆုရသွားတဲ့ဆုရှင်ကိုပယင်းသွေးသစ်ကိုဖိတ်ခေါ်ပါတယ်ခင်ဗျာ ကိုပယင်းသွေးသစ်ဆုယူဖို့စင်ပေါ်ကိုတက်ခဲ့ပေးပါခင်ဗျ"

:ဖြောင်း
:ဖြောင်း
:ဖြောင်း
ပယင်းစင်ပေါ်သို့တက်လာနဲ့အောက်ကလူတွေအကုန်လုံးလက်ခုပ်ဩဘာချီးမြှင့်ကြလေသည်။သို့ပေမယ့်ပယင်းသူတို့ဆီစိတ်မရောက်နိုင်စင်ပေါ်ကနေကွန်းကိုသာရှာနေမိသည်။

"အခုထပ်မံပြီးဆုချီးမြှင့်ပေးရန်အတွက်***ပြခန်းရဲ့ပိုင်ရှင်ကိုကွန်းအသင်္ချေကိုထပ်မံပြီးဖိခေါ်ပါတယ်ခင်ဗျ"
:ဖြောင်း
:ဖြောင်း
:ဖြောင်း
ဘယ်နေရာကနေဘယ်လိုကွန်းစင်ပေါ်သို့တက်လာလိုက်လဲမသိအောက်ကပရိတ်သတ်တွေအကုန်ထပ်မံပြီးလက်ခုပ်ဩဘာချီးမြှင့်ကြလေသည်။

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now