အပိုင်း ၃၁

374 1 0
                                    

"အဖေ"

"ဟေ သားပြောလေ"

"ပုဂံမှာရှိတဲ့****ပြခန်းကအဖေ့ဟာမလား"

"ဟုတ်တယ်လေသားဘာလို့လဲ"

"သားအဲ့ပြခန်းကိုဦးစီးချင်လို့"

"ဪအေး လုပ်လေသားရဲ့ဒါတွေကတစ်ချိန်အဖေသေရင်သားအတွက်အကုန်ထားခဲ့မှာချည်းပဲအဖေကသားစိတ်မဝင်စားဘူးထင်လို့ဘာမှမပြောတာ"

"စိတ်ကတော့မဝင်စားဘူးဒါပေမယ့်လုပ်စရာရှိလို့ ပြီးတော့သားအဲ့ပြခန်းကပုံတွေသဘောကျလို့ဝယ်ထားလိုက်သေးတယ်နောက်ပြီးဟိုမိန်းမမှာအရင်ကမိသားစုရှိခဲ့ဖူးလား"

"ဟေ သားဘာဖြစ်လို့လဲ"

"သိချင်လို့ပါ"

"ရှိ ရှိတယ်လေ ဒါမဲ့ကွဲလိုက်ပါပြီဘာလို့လဲ"

"ဘာမှမဖြစ်ပါဘူးသားဒီတိုင်းသိချင်လို့"
ဦးကွန်းစံတစ်ယောက်ဒီနေ့ကွန်းစကားလုံးတွေအောက်မှာပြောစရာစကားတွေပျောက်ပြီးအတွေးတွေများနေသည်။သားကငယ်ငယ်ထဲကgraphicကိုပဲဝါသနာပါတာဖြစ်သည်။ပြခန်းလိုနေရာမျိုးတွေဆိုငယ်ငယ်ထဲကမသွားချင်တဲ့သူ ခေါ်ရင်လဲပျင်းလို့ဆိုပြီးမလိုက်တဲ့ကလေးကအခုတော့ပြခန်းကိုတောင်ဦးစီးမယ်တဲ့ ပြီးတော့သူ့ကိစ္စလို့ကိုမတွေးတဲ့ပုလဲမိသားစုအကြောင်းကိုလဲမေးလာသည်။ဘာတွေများဖြစ်နေပါလိမ့်

တစ်ဖက်တွင်တော့
"သွေးသစ်မင်းအဲ့ဒီအထုပ်ငါ့ပေး"

"နေပါစေသယ်နိုင်ပါတယ်ကွ"

"ဟော်ဗျာသူကလဲဘာတွေပြောနေမှန်းမသိဘူးအဲ့အထုပ်ထဲမှာငါ့တိုက်ခန်းသော့ပါလို့ပြောနေတာကွ"

"ဪမင်းကလဲအဲလိုရှင်းရှင်းပြောလေကွာအစထဲက ရော့"
သွေးသစ်တို့နှစ်ယောက်ရန်ကုန်ကိုရောက်နေကြပြီဖြစ်ပြီးသူခန့်‌ကျောင်းတက်တုန်းကသူခန့်အဖေဝယ်ပေးထားတဲ့တိုက်ခန်းမှာရောက်နေကြခြင်းဖြစ်သည်။

"အားးပင်ပန်းလိုက်တာကွာခရီးရှည်မထွက်ရ‌တာ‌ကြာတော့ခန္ဓာကိုယ်ကသိသာလာလိုက်တာ"သူခန့်ကညည်းညည်းညူညူပြောသည်။

"ဪအဘရယ်အသက်ကြည့်တော့၂၇ပဲရှိသေးတယ် လေသံကအန်ကယ်တောင်အရှုံးပေးရမယ်"

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now