အပိုင်း ၄၇

418 5 0
                                    

သွေးသစ်ရေချိုးပြီးတော့ကင်မရာပြင်ဖို့ဆိုင်ကိုထွက်လာလိုက်သည်။ဆိုင်ကိုရောက်တော့
ကင်မရာလေးပြကြည့်လိုက်တော့ကောင်လေးတစ်ယောက်ကသေချာကြည့်ပြီးတော့

"အကို ဒါကမရတော့ဘူးဗျ"

"ဗျာ"

"ဟုတ်တယ်အသစ်ဝယ်မှရတော့မှာ လုံးဝကြေသွားပြီ"

"နည်းနည်းလေးတောင်ပြန်ပြင်လို့မရတော့ဘူးပေါ့"

"ဟုတ်"

"ဒါဆိုအထဲကmemory stickရောထိသွားသေးလားထုတ်လို့ရောရလား"

"မထိတော့မထိဘူးဗျထုတ်ရတာတော့ခက်မယ် အရေးကြီးတာပါလို့လား"

"ဟုတ်တယ်ညီလေး အရေးကြီးတဲ့ပုံတွေပါလို့"

"ဪ ဒါဆိုကျွန်တော်ရအောင်လုပ်ပေးကြည့်မယ်လေခနနော်"

"ကျေးဇူးပါညီလေး"
သွေးသစ်ကင်မရာလေးအတွက်တော့စိတ်မကောင်းပေဒါပေမဲ့memory stickထုတ်လို့ရသေးတယ်ဆိုတော့ပျော်တော့ပျော်သွားသည်။သူဒီကင်မရာလေးကိုင်လာတာနှစ်တွေတော်တော်ကြာနေပြီဖြစ်သည်။သံ‌ယောဇဉ်လဲတွယ်နေပြီအခုတော့သူ့သမီးအမွှေစိန်လုပ်လိုက်တာကင်မရာလေးနဲ့သူခွဲရတော့မည်။

"အကိုဒီမှာ"

"ကျေးဇူးနော်ညီ"

"ဟုတ် ရပါတယ်ဗျ"
သွေးသစ်လဲကင်မရာလေးပြန်ယူလာပြီးဆိုင်ကနေပြန်လာလိုက်သည်။အိမ်ပြန်ရောက်တော့အိမ်ရှေ့မှာအမရာကမျက်နှာငယ်လေးနဲ့ဒူးလေးထောက်ပြီးလက်လေးမြှောက်နေတာမြင်တော့စိတ်မကောင်းပေခုနကလဲသူဒေါသထွက်သွားလို့စိတ်လွတ်ပြီးအော်လိုက်မိသေးသည်။အမရာရှေ့မှာဒူးတစ်ဖက်ထောက်ထိုင်ပြီးထဖို့ပြောလိုက်သည်။ပြီးတာနဲ့ထိုင်ခုံမှာထိုင်ပြီးအမရာ့ကိုယ်လေးကိုဖက်ထားသည်။

"ဖေဖေ မီးမီးတောင်းပန်ပါတယ်နော်"

"မဟုတ်တာသမီးလေးကလဲ သမီးလေးကတမင်လုပ်တာမှမဟုတ်တာမတော်တဆဖြစ်သွားတာပဲဟာ"

"ပြင်ယို့ရခဲ့ယားဟင်"

"ဟင့်အင်း"
အမရာလဲသူ့အဖေအတွက်စိတ်မကောင်းဖြစ်သွားသည်။သူ့ဖေဖေကဒီကင်မရာလေးကိုအရမ်းသဘောကျတာကို

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now