အပိုင်း ၅၈

409 6 0
                                    

သွေးသစ်တို့မြင်းကမ္ဘာနားကရွာရောက်သွားတော့ဒေါ်လေးတို့လမ်းပြောပြထားလို့ဒေါ်လေးတို့ဆီသုံးယောက်သားချောချောမွေ့မွေ့ရောက်သွားကြသည်။ဒေါ်လေးတို့ကိုမြင်တော့သွေးသစ်နဲ့အမရာကကားပေါ်ကဆင်းပြီးဒေါ်လေးတို့ဆီသွားကြသည်။ဒေါ်မြတ်သွေးနီတို့သားအမိလဲသူ့ယောကျာ်းဘက်ကအမျိုးတွေကိုနှုတ်ဆက်ပြီးအပြင်ထွက်လာခဲ့သည်။ကားကိုတွေ့တော့ဒေါ်မြတ်သွေးနီက

"သားဒါဘယ်သူ့ကားလဲ"

"ဦးဦးကားယေဖွားဖွားကြီး ယာခဲ့"
ဆိုကာအမရာကကားဆီဆွဲခေါ်သွားသည်။ကားပေါ်ရောက်တော့မှဒေါ်မြတ်သွေးနီကကွန်းကိုမြင်သွားသည်။အိမြတ်ကကွန်းကိုမြင်တော့

"အယ် ခဲအိုလား"
သွေးသစ်အိမြတ်ကိုတစ်ချက်ရိုက်လိုက်သည်။

"အ! အကိုလေးဘာလုပ်တာလဲ"

"နင်အခေါ်ဝေါ်ပြင်စမ်း!"

"အကိုလေးကလဲ"
ဆိုကာနှုတ်ခမ်းကြီးစူသွားလေသည်။

"ဘာဖြစ်လို့လဲဟုတ်နေတာပဲကို ခယ်မလေးအကိုစိတ်မဆိုးဘူးခေါ်လို့ရတယ်သိလား"

"ဟီးဟုတ်"
သွေးသစ်ပြောမရဆိုမရသည့်နှစ်ယောက်ကိုမျက်စောင်းသာထိုးလိုက်မိတော့သည်။ဒေါ်မြတ်သွေးနီကတော့လူကြီးပီပီဘာမှမပြောပေမယ့်ကွန်းကိုသဘောမကျတာတော့မဟုတ်ပေ။ကွန်းအကြောင်းသူသိခဲ့ရသမျှဆိုသူ့‌ယောင်းမကြောင့်သူ့တူအပေါ်မကောင်းခဲ့ပေမယ့်အဲ့တာတွေဖယ်ပြီးကြည့်မယ်ဆိုရင်တော့လူကောင်းတစ်ယောက်ပင်ဖြစ်သည်။

"အိမ်ကိုပဲမောင်းရမှာမလား"

"မင်းကဘယ်သွားချင်သေးလို့လဲ"

"ပြောရမလား"

"တော် တော် မင်းကစကားကောင်းကိုပြောလို့မရဘူး"

"ဟင် အကိုလေးကအရင်စပြောတာကို"

"အငယ်မနင်မသိရင်မသိသလိုနေစမ်း လူကြီးတွေကြားဝင်မပါနဲ့"

"ဟွန့် မှန်တာလဲပြောရသေးတယ်"
ဒေါ်မြတ်သွေးနီသူ့သမီးကိုအကြည့်နဲ့တစ်ချက်သတိပေးလိုက်ပြီး

"ဟုတ်တယ်သားအိမ်ကိုပဲမောင်းပေးပါကွယ်"

"ဟုတ်အန်တီ"
သူ့တူအကြောင်းအခုမှသိသည်။သူတို့နှစ်‌ယောက်မတည့်တာလဲမပြောနဲ့သူ့တူကလဲကွန်းကိုဆိုကန့်လန့်တိုက်ပြီးဘုကလန့်ပြန်ပြောတာကိုး။
အတော်အတန်ကြာမောင်းပြီးတော့သွေးသစ်တို့အိမ်ရောက်သွားသည်။အိမ်ကိုရောက်တော့သွေးသစ်တို့လူကြီးတွေကဆင်းပေမယ့်အမရာကတော့မဆင်းပေ။

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now