အပိုင်း ၄၀

400 5 0
                                    

နှစ်အနည်းငယ်ကြာသော်
"ဖေဖေ ဖေဖေ"

"ဗျာ့ ဖေဖေ့သမီးလေး"

"မီးမီးမုန့်ချားချင်ယို့မီးမီးကိုပုဂျွန်ကြော်ဝယ်ကျွေးပါရားဖေဖေ"

"ဖေဖေ့သမီးလေးကပုစွန်ကြော်စားချင်တာလား"

"ဟုတ်"

"ကျွေးရမှာပေါ့ဗျာ ဖေဖေဓာတ်ပုံတွေရိုက်ပြီးရင်သွားစားကြမယ်နော် ဦးဦးသူခန့်ကိုခေါ်လိုက်ဦးသွားဖို့"

"ဟုတ်ဖေဖေ ဖုန်းပေး"

"ရော့ပါဗျာ"
သွေးသစ်နဲ့သမီးလေးတို့သဗ္ဗညုဘုရားပေါ်မှာဓာတ်ပုံလာရိုက်နေကြတာဖြစ်သည်။သမီးလေးကဒီနှစ်မှာ၃နှစ်ပြည့်မှာဖြစ်သည်။

"ဟရို"

"ဟယ်လို"

"ဦးဦးတူခန့်မီးမီးရို့ကိုယာကြိုရော့"

"လာကြိုရတော့မှာလား"

"ဟုတ်"

"ဟုတ်ပြီဗျာ ခနပဲစောင့်နော်သမီးလေး"

"ဟုတ်"

"ပြောလိုက်ပြီလားသမီးလေး"

"ဟုတ်ဖေဖေ ကြောရိုက်ပြီ"

"လာ ဖေဖေနဲ့အောက်မှာသွားစောင့်ရအောင်"

"ဟုတ်"

တစ်ဖက်တွင်တော့

"ဟယ်လို"

"ကိုကို"

"ဘာလဲဟိန်းမြတ်မင်းဒီနေ့တောက်လျှောက်ငါ့ဆီဆက်ပြီးဂျီကျနေတာနော်"

"ဘာလဲကိုကိုရာ ယူတာကြာတော့ကျွန်တော့်ကိုငြိုငြင်ပြီပေါ့ ငြီးငွေ့ပြီပေါ့ဟုတ်လား"

"ဟိန်းမြတ် မင်းမရစ်စမ်းနဲ့ကွာ ဒီမှာသမီးနဲ့သွေးသစ်နဲ့ကိုသွားကြိုရမှာအချိန်မရှိဘူး"

"ကိုကိုရက်စက်တယ်ဗျာ ကိုယ့်ယောကျာ်းခနလေးဆက်တာကိုတောင်ကောင်းကောင်းမဖြေချင်ဘူး"

"အေး မဖြေချင်ဘူး မင်းကခနခနဆက်နေတာကို ဒါပဲသွားပြီ"

:တီ
"ဟယ်လို ဟယ်လို ကိုကို! ကိုကို! ဖုန်းချသွားပြန်ပြီကွာ"

"ဒီကလေးတောက်လျှောက်ဂျစ်နေတယ်မှတ်လောက်အောင်ပစ်ထားရမယ် ဟွန့်"
သူခန့်လဲသွေးသစ်နဲ့သမီးလေးကိုသွားခေါ်ဖို့ဆိုင်ကယ်ကိုစက်နှိုးလိုက်တော့သည်။

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now