အပိုင်း ၅

666 8 2
                                    

"အားးအခုမှပဲလှဲရတော့တယ်"
သွေးသစ်တစ်ယောက်ရေမိုးချိုးညစာစားပြီးနောက်ကုတင်ပေါ်တွင်လှဲနေသည်။

"အာ...ဟုတ်သားပဲပုံတွေစစ်ရဦးမှာ" ဆိုကာညနေကရိုက်လာခဲ့သောပုံတွေကိုစစ်စရာရှိတာစစ်ပြီးမကောင်းတဲ့ပုံတွေကိုဖျက်စရာရှိတာဖျက်နေသည်။ပုံလေးတစ်ပုံမြင်တော့ညနေကအကြောင်းကိုသွားသတိရသည်။

Flash back

ညနေကသူဓာတ်ပုံရိုက်နေတုန်းကင်မရာမြင်ကွင်းထဲဝင်လာသည့်လူတစ်ယောက်။

ချလပ်📸

ရိုက်ဖို့ချိန်နေတုန်းဝင်လာတာဆိုတော့လက်ကလဲနှိပ်မိသွားသည်။နောက်တော့ထိုလူကအနားကိုရောက်လာလေသည်။

"ဒီမှာခင်ဗျ"

"ဗျာ"

"***ဆိုင်ကိုသိလားဗျ"

"ဟုတ် သိပါတယ်ဗျ"

"လမ်းလေးတစ်ချက်လောက်ပြောပြပေးလို့ရမလားဗျမသွားတတ်လို့ပါ"

"ဪ ဟုတ် ဒီကနေတည့်တည့်လျှောက်ပြီးရှေ့နားရောက်ရင်ဘယ်ဘက်ကိုကွေ့လိုက်ပါနည်းနည်းထပ်သွားလိုက်ရောက်ပါပြီဗျ"

"ဟုတ် ကျေးဇူး"

"ဟုတ် ရပါ.."

ဘယ်လိုလူလဲစကားတောင်မဆုံးသေးဘူးဇွတ်ထွက်သွားတယ်တော်တော်အလျင်လိုနေတာထင်တယ်။

Flash back end

သွေးသစ်ဒီဓာတ်ပုံလေးကိုအစကဖျက်မယ်လုပ်ထားသော်လဲရှုခင်းကအရမ်းကိုလှလွန်းနေသည်။သက်တမ်းရင့်နေပြီဖြစ်တဲ့ညောင်ပင်ကြီးရယ်ဘေးနားကမိုးရွာရင်ရေတွေနဲ့ပြည့်နေတတ်တဲ့အိုင်ကြီးရယ်ညောင်မုတ်ဆိတ်တွေအောက်မှာဖြတ်လျှောက်လာတဲ့ခန့်ညားလှတဲ့ထိုလူသားရယ်။ရှုခင်းကလှပတာထက်တောင်ပိုလွန်းနေသည်။အမှတ်တရသိမ်းထားရမည်။ထိုလူသားကိုတော့အခွင့်ရှိလို့ထပ်ဆုံရရင်ခွင့်တောင်းရဦးမည်ခွင့်ပြုချက်မရှိပဲသိမ်းထားမိတဲ့အတွက်ပေါ့

At Yangon,

"ပုလဲ မင်းရောက်လာပြီလား"

"ရောက်လာပြီပေါ့ ကို ရဲ့ ဘာကိစ္စရှိလို့ခေါ်လိုက်တာလဲပုလဲကို"

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now