အပိုင်း ၁၃

436 5 0
                                    

"ဗျို့ ဒေါက်တာရေ ဒေါက်တာ"

"ဗျာ ဘယ်သူလဲမသိ ဪကိုဇော်ခန့်ဘာဖြစ်တာလဲဗျ"
ည ၁၁နာရီအိမ်ရှေ့ကခေါ်သံကြားလို့ထွက်ကြည့်တော့ကိုဇော်ခန့်ဖြစ်နေလေသည်။

"ဟိုကောင်သွေးသစ်တအားဖျားလာလို့လာခေါ်တာ ကိုယ်တွေအရမ်းပူနေလို့အမေကကျုပ်ကိုဆရာ့ဆီအခေါ်လွှတ်လိုက်လို့ပါ"

"ဪ ဟုတ်ကျွန်တော်လာပြီ"
တစ်ညနေလုံးတစ်ညလုံးအကောင်းကနေ ည၁၀နာရီလောက်ကြဖျားလာတာဖြစ်သည်။ဆရာဝန်ပေးထားတဲ့ဆေးကိုတိုက်ထားသော်ငြားအဖျားကမကျလာသည့်အပြင်ကိုယ်တွေကပိုတောင်ပူလာလေသည်။ထို့ကြောင့်ဆရာဝန်ကိုလာပင့်ရခြင်းဖြစ်သည်။

"သွေးသစ်မသက်သာဘူးလားအန်တီ"

"ဟုတ်တယ်ဆရာလေးရယ် ဆရာလေးပေးတဲ့ဆေးတိုက်ထားပေမယ့်အဖျားကမကျပဲကိုယ်ကပိုပူလာလို့"

"ဪ ဟုတ်အနာရှိန်ကြောင့်ဖျားတာပါကျွန်တော်ဆေးတစ်လုံးထပ်ထိုးပေးမယ်"

"ဟုတ်ကဲ့ပါဆရာလေးရယ် သက်သာအောင်လုပ်ပေးပါဦး"

"သွေးသစ်ဟိုဘက်ခနလှည့်ဦးနော်ဆရာဆေးထိုးပေးဖို့"
သွေးသစ်ကိုဆေးထိုးပြီးမှာစရာရှိတာမှာပြီးအ​​​ပြင်ကိုထွက်လာခဲ့သည်။

အပြင်ရောက်တော့သွေးသစ်အဒေါ်ကိုဆန်ပြုတ်တိုက်ဖို့နဲ့အစာမာတွေမကျွေးဖို့မှာပြီးနောက်ပြန်လာခဲ့လိုက်သည်။

"သွေးသစ် သွေးသစ် သားလေး ထဆေးသောက်ရအောင်နော်သားလေးလာဆန်ပြုတ်လေးသောက်မယ်"

"ဟုတ်"

"သား သူခန့်ကိုခွင့်တိုင်ပြီးပြီလားသား"

"ဟင့်အင်း"
တစ်ကယ်ကတစ်ညနေလုံးဘာမှမဖြစ်တော့သက်သာလောက်တယ်ထင်ပြီးတမင်မပြောလိုက်တာဖြစ်သည်။အခုတော့တိုင်မှဖြစ်တော့မည်။

"သားရေဖုန်းခေါ်မရဘူးကွဲ့ စက်ပိတ်ထားတယ်လို့ဖြေနေတာ"

"ဟုတ်"
သူခန့်ဖုန်းအားကုန်သွားလို့ဖြစ်မယ်။ဒေါ်လေးကိုအဲလိုပြောချင်သော်ငြားပါးစပ်ကအသံကိုမထွက်နိုင်ပေ။ခန္ဓာကိုယ်ကလဲလှုပ်လို့မရအောင်ကိုကိုက်ခဲနေတာဖြစ်သည်။

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now