အပိုင်း ၁၀

500 6 0
                                    

"သွားဖို့အဆင်သင့်ဖြစ်ပြီလားခင်ဗျ" သွေးသစ်ကဦးဆောင်ပြီးမေးလိုက်သည်။

"ဖြစ်ပြီခင်ဗျာ"

"ဟုတ် ဖြစ်ပြီ"

"အင်း"ကွန်းတို့သုံးယောက်‌တက်ညီလက်ညီဖြေလိုက်ကြသည်။

"မင်းမောင်းမှာလားသွေးသစ်"

"အေးလေ"

"အေးအေး"

"ဒီနေ့ကတော့ညောင်ဦးဘက်သွားကြရအောင်ခင်ဗျ"

"ညောင်ဦးဘက်သွားမှာလား"ဟိန်းမြတ်ကမေးလိုက်လေသည်။

"ဟုတ်ကဲ့ခင်ဗျ အကိုတို့သွားချင်တဲ့နေရာရှိလို့လားခင်ဗျရှိရင်အကိုတို့သွားချင်တဲ့နေရာလိုက်ပို့မှာပါခင်ဗျ"

"ဪ မရှိပါဘူးမေးကြည့်တာ"

"ဟုတ်ကဲ့ခင်ဗျ"

‌ညောင်ဦးမှာရှိတဲ့နေရာတော်တော်များများလည်ပြီးညနေရောက်လာသောအခါဈေးဘက်ကိုဝင်ကြလေသည်။

"အကိုတို့ညောင်ဦးဈေးရောက်ပါပြီခင်ဗျ အဆာပြေစားချင်တာလေးတွေရှိရင်ဒီနေရာမှာဝယ်လို့ရပါတယ်ခင်ဗျ"

"အာ ဟုတ်ကဲ့ဗျ"ရတုကတက်ကြွစွာပင်ဖြေလိုက်လေသည်။ရန်ကုန်မှာမရနိုင်တဲ့အညာသရေစာလေးတွေမြည်းစမ်းဖို့အတွက်အချိန်ကောင်းမလား!

"ရော့"ဟိန်းမြတ်လက်ထဲကအချိုရည်ဗူးလေးကိုသူခန့်ဆီသို့ကမ်းပေးလေသည်။

"တစ်နေကုန်ကိုယ်တို့ကိုရှင်းပြရတာပင်ပန်းနေပြီမလား ရေဆာနေမှာစိုးလို့ပါ"

"ဪ ဟုတ်ကျေးဇူးပါခင်ဗျ"

"ရပါတယ် ဒါနဲ့ကိုသူခန့်ကဒီအလုပ်လုပ်တာကြာပြီလားခင်ဗျ"

"ဟုတ် သိပ်တော့မကြာသေးပါဘူး သုံး၊လေးနှစ်လောက်ပဲရှိပါသေးတယ်"

"ဪ ရှင်းပြတာတွေကအရမ်းနှံ့နှံ့စပ်စပ်ရှိပြီးတော့သိချင်တာတွေအကုန်လုံးကိုလဲအကုန်ဖြေပေးနိုင်လို့မေးကြည့်တာပါ"

"ဪ ဒါကတော့ကျွန်တော်ကိုယ်တိုင်ကပုဂံသားဖြစ်နေတော့အကုန်သိနေတာပါ ပြီးတော့ဖွားဖွားကလဲကျွန်တော်ငယ်ငယ်ကပုဂံဘုရားတွေရဲ့ရာဇဝင်ကိုပုံပြင်လိုပြော‌ပြနေကြဆိုတော့ကျွန်တော်ကနားရည်ဝနေတာပါခင်ဗျ"

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now