အပိုင်း ၄၂

397 5 0
                                    

ကွန်းကစိတ်တိုင်းကျလုပ်ပြီးသွားတော့အပြင်ကိုပြန်ထွက်သွားလေသည်။သွေးသစ်ကတော့အခန်းထဲမှာကျန်နေခဲ့သည်။ကုတင်ပေါ်မှာပဲလှဲလျက်ရှိနေပြီးမျက်ရည်တွေ‌တစ်စက်ပြီးတစ်စက်ဆက်တိုက်ကျနေသည်။သူတို့နှစ်ယောက်ဘယ်ကနေစပြီးလွဲခဲ့ကြတာလဲဖြစ်နိုင်ရင်ပုဂံမှာတုန်းကအချိန်တွေဆီပြန်သွားချင်သည်။နှစ်ယောက်သားအရမ်းကြီးအဆင်မပြေကြရင်တောင်အခုလိုအခြေအနေမဟုတ်ကြပေအရာအားလုံးကအဆင်ပြေပြီးသူကလဲကိုယ့်အပေါ်ကောင်းခဲ့သည်။အခုတော့
ရန်ကုန်ရောက်ပြီးသိပ်မကြာဘူးဒီလိုတွေဖြစ်နေပြီမေမေ့ကိုလဲအပြစ်မတင်ရက်ပေအရာအားလုံးသူ့ကံလို့သာပြောလိုက်ချင်တော့သည်။သူအရမ်းချစ်ရတဲ့သူကအခုတော့သူ့ကိုအရမ်းကိုမုန်းသည်တဲ့လားတွေးရင်းနဲ့ကျလာတဲ့မျက်ရည်ပူတွေကိုခါထုတ်ရင်းထနိုင်အောင်ထလိုက်ပြီးရေချိုးဖို့ပြင်လိုက်သည်။အရှေ့ကဒဏ်ရာကမသက်သာသေးပဲနောက်ဒဏ်ရာထပ်တိုးလာတော့မဟန်နိုင်ပေရေချိုးခန်းနဲ့ကုတင်ကြားအကွာအဝေးကိုသူ့မှာအားတင်းကာလျှောက်နေရသည်။ရေချိုးခန်းထဲရောက်တော့တစ်ကိုယ်လုံးကိုရေအကြာကြီးစိမ်ချိုးပစ်လိုက်သည်။ရေချိုးပြီးတော့နည်းနည်းလန်းသွားသည်ဒဏ်ရာကတော့ဆေးမလိမ်းရသေးလို့နာနေဆဲဖြစ်သည်။သွေးသစ်ဆေးလိမ်းဖို့ပြင်နေတုန်း

"နိုးပြီလား"
အနောက်ကထွက်လာသည့်အသံကြောင့်သွေးသစ်လန့်သွားသည်။

"နိုး နိုးပြီ"

"အဲ့တာဘာလုပ်နေတာလဲ"

"ဘာမှမလုပ်ဘူး"

"ဗြောင်လိမ်နေတာပဲခင်ဗျားက တစ်ခုခုလုပ်ဖို့ပြင်နေတာတွေ့လို့မေးနေတာကိုဗြောင်ငြင်းနေတယ် ပြော"

"ဆေး ဆေးလိမ်းဖို့လုပ်နေတာ"

"ပေး လိမ်းပေးမယ်"
သွေးသစ်ကြောင်အစွာနဲ့ကွန်းကိုကြည့်မိတော့

"ဘာကြောင်ကြည့်နေတာလဲ ကျုပ်လိမ်းပေးမယ်လို့ပြောနေတာပေးဒီကို"

"ရ ရတယ်ကိုယ့်ဘာကိုယ်လိမ်းမယ်"

"ကျစ်! ခင်ဗျားသိပ်လျှာရှည်တာပဲ ပေးဆိုပေး"

"ရ ရတယ်ငါ့ဘာငါဖြစ်အောင်လုပ်မယ်ပိုဆိုးမှာစိုးလို့"

"ခင်ဗျားကကျုပ်ထပ်လုပ်မှာစိုးရိမ်နေတာလား"

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now