အပိုင်း ၃၇

391 6 1
                                    

ဦးကွန်းစံနဲ့ဒေါ်မြပုလဲတို့အခန်းထဲကကုတင်ပေါ်မှာဒေါ်ပုလဲတစ်ယောက်လဲနေလေသည်။ကုတင်ဘေးမှာတော့ဦးကွန်းစံရှိနေပြီးဒေါ်ပုလဲလက်ကိုကိုင်ထားလေသည်။သားကသူ့ကောင်လေးနဲ့မိတ်ဆက်ပေးလိုက်တဲ့အချိန်မှာပုလဲတစ်ယောက်shockတော်တော်ရသွားသလိုသူလဲရသွားသည်။သားကဒါတွေကိုသိနေတာလားအဲတာကြောင့်ဟိုနေ့ကသူ့ကိုပုလဲရဲ့မိသားစုအကြောင်းမေးတာပေါ့သားဘာတွေလုပ်နေလဲသူမသိတော့ပေ။ပုလဲကိုကြအရမ်းမုန်းပါတယ်ဆိုပြီးသူ့သားကိုကြရည်းစားတော်ထားသည်။တကယ်ဆိုသူတို့ကညီအကိုတွေဖြစ်နေတာကို

"မဖြစ်သေးပါဘူးကွာသွားပြောရဦးမယ်"ဆိုပြီးအခန်းထဲကထွက်ကာကွန်းဆီသွားလိုက်သည်။အိမ်ရှေ့မှာတော့ကွန်းနဲ့သွေးသစ်တို့နှစ်ယောက်ရပ်နေလေသည်။

"ပယင်းအဆင်ပြေလားတော်တော်လေးလန့်သွားလား"

"ကွာရှင်းကြရအောင်"

"ဘာလို့လဲ"

"အရူးကွက်နင်းမနေနဲ့တော့မောင်ဒါတွေအကုန်မောင်သိသိကြီးနဲ့လုပ်ခဲ့တာမလားငါကမင်းအရမ်းမုန်းတဲ့မိန်းမရဲ့သားဖြစ်နေလို့မင်းငါ့ကိုတမင်ဒီလိုတွေဖြစ်အောင်စီစဉ်ခဲ့တာမလား"

"ဘယ်လိုထင်လို့လဲ"

"မျက်နှာပြောင်တိုက်ပြီးမသိချင်ယောင်ဆောင်မနေနဲ့တော့ကွန်းအသင်္ချေငါမင်းကိုတော်တော်လေးဒေါသထွက်နေပြီ!"

"ဟော်ဗျာဒီကတကယ်မသိလို့မေးတာကို ပယင်းကဘာတွေလာပြောနေမှန်းမောင်တကယ်မသိဘူး"

"မင်း! မင်းငါနဲ့မေမေနဲ့သားအမိတွေမှန်းသိထားတာမလို့အခုလိုလူချင်းပေးတွေ့လိုက်တာမလား"

"ဟုတ်တယ်လေကွဲကွာနေကြတဲ့သားအမိတွေကိုမမြင်ရက်လို့ပြန်တွေ့ရအောင်ပေါင်းစည်းပေးလိုက်တာပယင်းကမောင့်ကိုတောင်ကျေးဇူးတင်ရဦးမယ်"

"အဟက်! မင်းကိုငါလူရိုးလူဖြောင့်တစ်ယောက်လို့ထင်နေတာ"

"အခုကြရောဘယ်လိုထင်လဲခင်ဗျား"

"မင်းကိုငါစကားဆက်ပြောချင်စိတ်မရှိ‌ဘူး ငါ့ကိုကွာရှင်းပေး"

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now