အပိုင်း ၆၀

375 6 5
                                    

တစ်ဖက်မှာလဲအခန်းလေးထဲကနှစ်ယောက်အိပ်မွေ့ယာပေါ်မှာကောင်လေးနှစ်ယောက်နဲ့သုံးနှစ်အရွယ်ကလေးမလေးတစ်ယောက်ရယ်နေကြသည်။အကြောင်းမှာတော့အမောင်ဟိန်းမြတ်တစ်ယောက်ရွှေဉာဏ်တော်စူးရောက်ကာအမရာလေးကိုလျှာသွက်စေတဲ့စကားတွေသင်ပေးနေလေသည်။

"သမီးဦးပြောမယ်သေချာလိုက်နားထောင်နော်"

"ဟုတ်"

"ရှောက်သီးခြောက်စိပ်ဇွန်းခြောက်ချောင်း"

"ချောက်...."

"ရှောက်သီးခြောက်စိပ်ဇွန်းခြောက်ချောင်း"
သူခန့်ကထောက်ပေးလိုက်သည်။

"ချောက်တီးချိပ်ချိပ် ဂျွန်းချောင်းချောက်"

"ဟားဟားဟား"
အမရာလေးကတစ်ခါမှားရင်သူခန့်နဲ့ဟိန်းမြတ်ကတစ်ခါရယ်သည်။အမရာလေးကတော့ညာရယ်ခံနေရလို့မျက်နှာလေးကမသာယာတော့ပေ။

"ဒါဆိုဦးသူခန့်ထပ်ပြောမယ်.....ရွှံ့ပေါ်ရှဉ့်ပြေးရှဉ့်မွှေးရွှံ့မလူး"

"မမှတ်မိဘူးဦးဦးတူခန့်"

"ရွှံ့ပေါ်....ရှဉ့်ပြေး....ရှဉ့်မွှေး....ရွှံ့မလူး"

"ချွံ့ပေါ်ချဉ်ကြေး ချဉ်ကြွေးချဉ်မွေး"

"ဟားဟားဟား"

"ဗြဲ....အူးးဝါးးဦးဦးရို့ကမီးမီးကိုညာရယ်ယယ် ခေါ်ရော့ဝူး အိမ်ကြန်ပို့ ဖေဖေ့ချီတွားမယ် အီးး"
ထိုအခါမှသူခန့်တို့နှစ်ယောက်ပြာသွားတော့သည်။

"အယ်သမီးရယ် မငိုရဘူးလေဦးတို့ကသမီးကိုချစ်လို့စတာပါ"

"ဟုတ်တယ်လေသမီးငယ်ရဲ့ မငိုရ‌ဘူးလေနော် ဦးသူခန့်တို့ကသမီးကိုပျော်စေချင်လို့စတာလေ မငိုနဲ့နော် တိတ် တိတ်သမီးလေးတိတ်"

"‌ဗြဲ...ဦးဦးရို့ကကြော်ချေချင်ယာဟုတ်ဝူးးမီးမီးကိုညာရယ်နေယာ ဖေဖေ့ချီယိုက်ပို့"

"မှောင်နေပြီလေသမီးရဲ့လမ်းမှာခွေးတွေရှိတယ်ကိုက်လိမ့်မယ်"

"ကိုက်ဝူးးယိုက်ပို့ ခွေးယေးတွေကဦးဦးရို့ထက်တဘောကောင်းရယ်"
ငိ....သမီးပြောခါမှသူတို့အဖြစ်ကခွေးထက်ပိုဆိုးနေသလိုပင်

ပုဂံမြေကိုတိုင်တည်၍Donde viven las historias. Descúbrelo ahora