အပိုင်း၂

11.6K 515 67
                                    

2

မနက်ဖြန်အလုပ်စလုပ်ရမည်ဆိုတာကြောင့် တခေတ်ခွန်းသူ့အတွက်ပေးထားတဲ့အခန်းထဲကကုတင်မှာလှဲကာအတွေးတွေတိမ်နေမိသည်။

ဘယ်လိုဖြစ်လို့...စံကောင်းမွန်ကသူဌေးမင်းတစ်ယောက်ဖြစ်သွားရတာလဲ။အဲ့နေ့တုန်းကသူ့ဆီရောက်လာတုန်းက နေစရာပင်မရှိတဲ့ကောင်ကအခုများတော့။သူ့ကိုဒီမှာအလုပ်လုပ်စေချင်တာကသူ့ကိုလှောင်ပြောင်ချင်လို့များလား။

" ကျစ်...ဒီကောင့်အကြောင်းဘာလို့တွေးနေရတာလဲ နာတယ်ကွာ ငါ့ကိုသူငယ်ချင်းမလုပ်ချင်ဘူးဆိုပြီးနှစ်နှစ်ကာကာပြောခဲ့တဲ့ကောင်ဆီမှာအလုပ်လာလုပ်နေရတယ်တဲ့လေ..."

တွေးရင်း တခေတ်ခွန်းကအသဲယားလာတာကြောင့်ခေါင်းအုံးလေးအားသူ့လက်သေးသေးလေးတွေဖြင့်ထုရိုက်မိသည်။ငယ်ငယ်ကသူတို့ဆီနေစရာမရှိလို့လာနေရတဲ့ကောင်က အခုများသူ့သူဌေးပင်ဖြစ်နေပြီလို့တွေးမိတာနဲ့အသဲတွေတယားယားဖြစ်မိသည်။

တခေတ်ခွန်းကတော်ရုံစိတ်ဆိုးတတ်သည့်လူမဟုတ်ပါ။ငယ်ငယ်ကရွာမှာသူကြီးသားဖြစ်သလိုလိမ်မာပြီးချစ်စရာကောင်းတဲ့သူ့အား ကလေးတိုင်းကသူငယ်ချင်းဖြစ်ချင်ကြသည်။သူကလဲလူတိုင်းကိုခွဲခြားဆက်ဆံခြင်းမရှိဘဲခင်မင်ခဲ့တဲ့လူကို အဲ့နေ့ကစံကောင်းမွန်ကသူ့အားစိတ်ဆိုးအောင်လုပ်ခဲ့သည်။

သူနဲ့သူငယ်ချင်းမလုပ်ချင်ဘူးတဲ့လေ...တခေတ်ခွန်းဘက်ကစလို့သူငယ်ချင်းဖြစ်ချင်ကြောင်းပြောတာကိုစံကောင်းမွန်ကမာထန်ထန်ဆက်ဆံကာသူတို့အဲ့နေ့ကစကားများခဲ့ကြသည်။အစတုန်းကသူတို့အတူကစားအတူဆော့ခဲ့ကြပေမဲ့ အဲ့နေ့မှာစံကောင်းမွန်ကစိတ်ဖောက်ကာရန်ဖြစ်ခဲ့ကြသည်။

အဲ့နေ့ကစလို​့ သူနဲ့စံကောင်းမွန်ရဲ့ဆက်ဆံရေးကပြတ်တောက်သွားကာမြို့ကိုပြန်သွားသည်အထိသူတို့အချင်းချင်းမတွေ့ကြတော့သည်အထိဖြစ်ခဲ့ကြသည်။အဲ့ကောင်ကကိုမာနကြီးနေပြီး မောက်မာနေတာပါလို့တခေတ်ခွန်းကတွေးခဲ့သည်။

သူ့ဘက်ကတော့သူ့ကိုသူငယ်ချင်းမလုပ်ချင်ကြောင်းငြင်းခဲ့တဲ့လူအားယခုအချိန်ထိအခဲမကြေဖြစ်နေပေမဲ့...စံကောင်းမွန်ကတော့ထိုသို့ဖြစ်နေမည်မထင်ပါလေ။
.
.
.
" ငါလုပ်ရမဲ့အလုပ်ကဘာအလုပ်လဲ "

သူဌေးမင်းရဲ့အချစ်တော် (ongoing)Where stories live. Discover now