အပိုင်း၁၅

6.3K 271 23
                                    

Uni

     ကိုက်ခဲနေတဲ့ခေါင်းတွေနဲ့အတူထုံကျင်နေတဲ့ကိုယ်ရဲ့နာကျင်မှု့နဲ့တခေတ်ခွန်းသတိပြန်လည်လာသည်။သူ့မျက်လုံးတွေကဝေဝါးနေပြီး အိစက်စက်ကုတင်ပေါ်မှာလဲလျောင်းနေတာကိုသတိထားမိတာနဲ့သူကဝမ်းနည်းသွားသည်။

   သူကအားယူကာကုတင်ပေါ်က ထထိုင်မိပေမဲ့အဆင်မပြေတာကြောင့် ကုတင်ခေါင်းရင်းကိုသာမှီထိုင်မိသည်။သူခင်မျာတွေးနေတုန်းရှိသေး အခန်းထဲဝင်လာသူရဲ့မျက်နှာကြောင့်လျင်မြန်စွာခေါင်းလေးပင်ငုံ့ကျသွားသည်။သူကအပြစ်ပြောခံရဖို့စောင့်နေတဲ့လူနှင့်တူလှသည်။

" ဘယ်နားကအဆင်မပြေတာရှိလဲ သက်သာလား။ "

" ဟင့် "

   စံကောင်းမွန်အမေးကိုပြန်ဖြေလာသည်ကားစကားသံမဟုတ်ဘဲငိုရှိုက်သံသေးသေးလေးသာဖြစ်သည်။တခေတ်ခွန်းကခေါင်းလေးငုံ့ထားတာကြောင့်မျက်ရည်တွေက သူ့လက်ခုံလေးတွေပေါ်ခုန်ပေါက်ကျဆင်းလာလေသည်။

" ဘာလို့ငိုသလဲ ခေါင်းတွေပိုကိုက်နေမယ် နေမကောင်းဖြစ်နေတာကို။ "

" ဟင့်...မင်း ငါ့ကိုဆူတော့မှာမဟုတ်လား ဟင့် ငါအချိုတွေတအားစားလို့ဆိုပြီး ငါ့ကိုစားတာတွေရပ်ခိုင်းမလို့လား..."

   တခေတ်ခွန်းစကားက ကလေးဆန်လွနိးလှသည်။သူကသူနေမကောင်းတာထပ်အချိုမုန့်တွေမစားရတော့မှာပိုစိတ်ပူနေသယောင်ယောင်။ထိုကိုစံကောင်းမွန်ကသက်ပြင်းတစ်ချက်ချလို့ ကုတင်ဘေးကနေရာလွတ်လေးမှာဝင်ထိုင်ကာ တခေတ်ခွန်းမျက်နှာကိုသူ့လက်ဖြင့်ဆွဲမော့လေသည်။

" မင်းကအချိုမုန့်တွေနဲ့ ငါ့အသက်ကိုလဲနေတာဘဲ...မင်းသိလား မင်းမေ့လဲနေတော့ငါ့မှာမင်းများတစ်ခုခုကြီးကြီးမားမားဖြစ်မလားဆိုပြီးအသက်တောင်ရှုဖို့မေ့နေခဲ့တာ ၊ အဲ့တာကိုမင်းကအချိုမုန့်ကိုဘဲစိတ်ဝင်စားနေတယ်ပေါ့ "

" အဲ့  အဲ့လို မဟုတ်ပါဘူး။ "

   စံကောင်းမွန်အပြောကြောင့်တခေတ်ခွန်းကမျက်နှာလွှဲသွားသည်။

" ငါမှားတာပါ မင်းကိုရအောင်မတားခဲ့ဘဲ အလိုလိုက်မိသွားတာ ငါ့အမှားပါ မင်းရေချိုးတာတောင်မသိတာ ငါရဲ့ဂရုစိုက်မှု့ပေါ့သွားတာငါ့အမှားပေါ့..."

သူဌေးမင်းရဲ့အချစ်တော် (ongoing)Where stories live. Discover now