အပိုင်း၁၄

6.5K 309 46
                                    

Uni

" မင်း...ဘာလို့အငြိမ့်ပွဲကိုတည့်တည့်မကြည့်ဘဲငါ့ဘဲဘာလို့ စောင်းကြည့်နေတာလဲ "

  တခေတ်ခွန်းကဆိုတော့စံကောင်းမွန်ကခနလောက်အရှေ့တည့်တည့်ကိုသူ့ခေါင်းလှည့်လိုက်ကာပြီးမှ တခေတ်ခွန်းကိုပြန်ကြည့်လာလို့။

" အဲ့လိုကြည့်ရင် မင်းကိုမမြင်ရမှာစိုးလို့ "

" မင်း!!! "

" မင်းလဲ မင်းကြည့်ချင်တဲ့အငြိမ့်ကိုကြည့်လေ ငါကလဲငါ့နှလုံးသားဇာတ်ခုံထဲမှာခုန်ပေါက်နေတဲ့ မင်းသားလေးဖြစ်တဲ့ မင်းကိုဘဲကြည့်မယ် "

   စံကောင်းမွန်ရဲ့ရင်ခုန်စရာစကားတွေကြောင့်တခေတ်ခွန်းမှာပါးလေးတွေရဲတက်လာလေသည်။သူတို့နှစ်ယောက်ကအငြိမ့်ပွဲကိုတောင်အာရုံမစိုက်မိဘဲနှစ်ယောက်လုံးအကြည့်ချင်းဆုံနေကြမိသည်။တကယ်ကို့ စံကောင်းမွန်ကသူ့ဆီပျော်ဝင်ဖို့ဖိတ်ခေါ်နေတာဘဲ...
.
.
.
     အငြိမ့်ပွဲပြီးသည်အထိတိုင်စံကောင်းမွန်ကတခေတ်ခွန်းအားစိုက်က်ကြည့်နေဆဲဖြစ်သည်။အငြိမ့်စင်ကမီးရောင်တွေဟက်နေတဲ့တခေတ်ခွန်းရဲ့မျက်နှာလေးက စံံကောင်းမွန်အဖို့ပိုမိုကြည့်ချင်လာအောင်ဆွဲဆောင်လွန်းသည်။

    နှစ်ယောက်သားအငြိမ့်ပွဲပြီးတာနဲ့မပြန်သေးဘဲ စျေးလမ်းလေးထဲမှာမုန့်တွေဝင်စားလေသည်။တခေတ်ခွန်းကချိုတဲ့အရာတွေသဘောကျတာကြောင့် စံကောင်းမွန်ကထိုအရာတွေသာဝယ်ကျွေးသည်။ငှက်သိုက်...အုန်းနို့သာကူ အချိုမုန့် ထိုအထုပ်တွေကတခေတ်ခွန်းလက်ထဲပြည့်နေလေသည်။

" အများကြီးမစားနဲ့​နော် ချောင်းတွေဆိုးမယ်။"

" အွန်းပါ မဆိုးပါဘူး အဟွတ်!! "

" ကြည့် ပြောလို့တောင်မဆုံးသေးအသံကထွက်လာပြီ ပေးအဲ့အထုပ်တွေငါ့ကို။ "

" မ...မလုပ်ပါနဲ့ ချောင်းမဆိုးပါဘူးဆို ပြန်ပေး "

    စံကောင်းမွန်ကတခေတ်ခွန်းလက်ထဲကအထုပ်တွေအားဆွဲလုလိုက်တာကြောင့်တခေတ်ခွန်းမှာပြန်လုပေမဲ့လဲသူမလုယူနိုင်ပါ။စံကောင်းမွန်ကအထုပ်တွေကိုလက်တစ်ဖက်ထဲနဲ့စုကိုင်လို့ ကျန်လက်တစ်ဖက်က တခေတ်ခွန်းရဲ့နှုတ်ခမ်းနားမှာပေနေတဲ့အချိုမုန့်လေးတွေအား သူ့လက်မကြီးကြီးဖြင့်ဖိသုတ်ပေးလာသည်။

သူဌေးမင်းရဲ့အချစ်တော် (ongoing)Where stories live. Discover now