အပိုင်း၁၁

7K 360 77
                                    

Uni

    ပထမတစ်ခါငါတို့တွေ့ဆုံမှု့ကလွဲမှားတဲ့အချိန်မှာဖြစ်လိမ့်မယ်။

  ဒါပေမဲ့ ဒုတိယတစ်ချိန်ပြန်တွေ့မယ်ဆိုရင်တော့ ငါတို့ကဖူးစာဘက်ဘဲဖြစ်လိမ့်မယ်။

               =================

   မနက်မိုးလင်းတာနဲ့တခေတ်ခွန်းက ခြံထဲကပန်းပင်လှလှတွေအားရေပိုက်ဖြင့်ရေလိုက်ဖြန်းပေးကာအဖူးလေးတွေကိုပွင့်လန်းစေလေသည်။သင်္ကြန်မိုးမရွာသေးတာမို့လမ်းထဲက ပိတောက်ပင်တွေဟာသိပ်မပွင့်ကြသေးပါ။

   အပင်တွေအားရေဖြန်းပေးပြီး တခေတ်ခွန်းကသူ့အလုပ်တွေလုပ်ရန်အပေည်ထပ်ပြန်တက်လာလေသည်။အခုထိမနိုးသေးတဲ့စံကောင်းမွန်က ကုတင်ပေါ်မှာနှစ်ခြိုက်စွာအိပ်ပျော်နေလေသည်။တခေတ်ခွန်းအလုပ်သွားချိန်လဲမနီးသေးတာမို့မနှိုးသေးဘဲ သံကောင်းမွန်နိုးလာရင်ရေချိုးပြီးဝတ်ရန်အဝတ်အစားတစ်ချို့ကိုဗီရိုထဲကနေထုတ်ပေးလိုက်သည်။

   အမြဲလိုလိုဂုဏ်သရေရှိစွာဝတ်ဆင်တတ်တဲ့စံကောက်းမွန်က လည်ကတုံးအဖြူ အနက် နှင့်ခပ်ဖျော့ဖျော့အရောက်တွေကိုရွေးချယ်ကာဝတ်ဆင်တတ်သည်။ပုဆိုးတွေဆိုလဲ ရွှေချည်ထိူးထားတဲ့ဟာတွေကပိုများသည်။

   စံကောင်းမွန်ရဲ့အချောမောဆုံးအချိန်ကဘာလဲလို့မေးရင် အလုပ်သွားဖို့ပြင်နေတဲ့အချိန်လို့သူဖြေမိအုံးမည်။အလုပ်သွားဖို့ကိုကျကျနနဝတ်ဆင်တတ်တဲ့စံကောက်းမွန်ကထိုအချိန်မှာပိုမိုချောမောနေတတ်သည်။

   လည်ကတုံးလက်ရှည်ဝတ်ရင်ဝတ်မဝတ်ရင် အပေါ်ကနေတိုက်ပုံထပ်ဝတ်ရင် ထိုတိုက်ပုံမှာရင်ထိုးလေးတစ်ခုကိုလဲထိုးတတ်သေးသည်။ထိုရင်ထိုးကိုသူတစ်ခါနှစ်ခါမြင်ဖူးပေမဲ့သေချာမကြည့်ဖူးပါ။ထိုရင်ထိုးကရွှေရောင်ဖြစ်ပြီး ပန်းခက်ပုံနှင့်စိန်တစ်ပွင့်ပါသည့်ရိုးရှင်းရှင်းရင်ထိုးတစ်ခုဖြစ်သည်။

  ထိုရင်ထိုးကိုကုတင်ဘေးကအံဆွဲထဲမှာဘူးလေးတစ်ခုဖြင့်ထည့်ထားသည်က တော်တော်ကြိုက်သည့်ပုံပေါ်သည်။

" အင်းးး "

   အဝတ်အစားတွေထုတ်ပေးရင်းကုတင်ပေါ်ကလူရဲ့ညဥ်းသံကြောင့်နိုးလာပြီဖြသ်ကြောင်းသတိထားမိသည်။

သူဌေးမင်းရဲ့အချစ်တော် (ongoing)Where stories live. Discover now