အပိုင်း၅

8.6K 502 59
                                    

uni

" ဦးလေးသူ့ကိုတွေ့ပြီလားဟင် "

" ဦးလေးလူလွှတ်ပြီးရှာခိုင်းနေပါတယ်ကွ ဒါပေမဲ့သတင်းကတော့သူတို့အရင်နေတဲ့အိမ်ကိုသူကြီးဆုံးတော့ရောင်းလိုက်တယ်တဲ့။ "

" ဟမ် ဒါ...ဒါဆိုသားသူ့ကိုထပ်မတွေ့ရတော့ဘူးပေါ့လေ ဟုတ်လားဦးလေး "

" မဟုတ်တာဘဲကွာ ဦးလေးငါ့တူတော်မောင်ရဲ့အချစ်ခရီးလမ်းကိုကူညီပေးမယ်ဗျာ အခုတော့ ဘိလပ်သွားဖို့ပြင်နော်။ "

 ၁၈ နှစ်အရွယ်လူပျိုပေါက်လေးဖြစ်လာတဲ့စံကောင်းမွန်ကအခုထိထိုကောင်လေးအားစိတ်တစ်ခါမှမပျက်ကွက်ဘဲ တွေ့ချင်နေတာကြောင့်ဦးမျိုးစံကလိုက်လံရှာဖွေပေးရသည်။ကျောင်းကတစ်ဖက်ငယ်ငယ်ရွယ်ရွယ်နဲ့အလုပ်တွေကြိုးစားလုပ်နေတဲ့စံကောင်းမွန်လေးက အခုဆိုဘိလပ်ကိုပင်သွားရတော့မည်။

   သူ့ကိုဘာလို့အလုပ်တွေကြိုးစားနေတာလဲလို့တစ်ယောက်ယောက်ကမေးရင်သူအမြဲဖြေတတ်တဲ့စကားကတော့။

   " သူချမ်းသာလာရင်သူ့မိန်းမလာလုပ်မယ်လို့ပြောခဲ့တဲ့လူကြောင့် "လို့သာဖြေသည်။အဲ့လောက်ထိကိုသူ့တူလေးကထိုကောင်လေးအားစိတ်အစွဲအလမ်းကြီးစွာသဘောကျနှစ်သက်နေရတဲ့အကြောင်းကဘာအကြောင်းမှမဟုတ် အဲ့ကောင်လေးဖြစ်နေလို့သာဖြစ်သည်။

    ဖအေဖြစ်သူရောမအေဖြစ်သူရောဘေးနားမှာမရှိတဲ့စံကောင်းမွန်လေးကတစ်ချက်ကလေးမှစိတ်အားမငယ်ဘဲသူ့ဘဝသူ့တက်လမ်းအတွက်အလုပ်တွေကြိုးစားစာတွေလေ့လာနဲ့နေ့ညအိပ်ဖို့မေ့လောက်တဲ့အထိကိုအလုပ်တွေစာတွေလုပ်ခဲ့သည်။

   ဘေးကမြင်တွေ့နေရတဲ့ဦးမျိုးစံနဲ့မြလေးချိုကတော့ စံကောင်းမွန်ဟာဘယ်လောက်တော်ကြောင်းနှင့်ငယ်ငယ်ကခနတာတွေ့ခဲ့တဲ့ကောင်လေးအပေါ်ဘယ်လောက်သံယောဇဥ်ကြီးကြောင်းသိနားလည်လာရလေသည်။

    သံယောဇဥ်ဆိုတဲ့ကြိုးလေးကညိသွားပြီဆိုတာနဲ့မည်သူဖြတ်ဖြတ်မပျက်တဲ့ကမ္ဘာလောကရဲ့အခိုင်မာဆုံးကြိုးလေးသာဖြစ်သည်။
.
.
.
" မင်းနေတဲ့အခန်းမှာငါ့ညီမလေးနေလိမ့်မယ် ဒါကြောင့်မင်းပစ္စည်းတွေသိမ်းပါ။ "

သူဌေးမင်းရဲ့အချစ်တော် (ongoing)Where stories live. Discover now