အပိုင်း၁၇

6.3K 254 58
                                    

Uni

တခေတ်ခွန်းနေပြန်ကောင်းလာအပြီးမှတော့သူကတေဇနဲ့ဇော်လင်းရဲ့ကြီးကျပ်မှု့ကိုခံနေရလေသည်။သူကအလုပ်ကိုတောင်သွားခွင့်မရှိတော့ဘဲ အိမ်မှာသာစာရင်းတွေလုပ်ရတော့သည်။ထိုအမိန့်ကတော့စံကောင်းမွန်ပေးထားခြင်းကြောင့်ဖြစ်ပေသည်။

" သူဌေးကတော် ဘယ်သွားမလို့လဲခင်မျ "

" ဟို စာရင်းကတစ်မျိုးဖြသ်နေလို့ အဲ့တာဆန်စက်ဘက်သွားမလို့ပါ "

" မသွားရဘူး "

" မသွားရဘူး "

အိမ်ရှေ့လေးခြေလှမ်းနေတုန်းရှိသေး တေဇနဲ့ဇော်လင်းကရှေ့ကပိတ်ရပ်ကာတားဆီးလာတာကြောင့် တခေတ်ခွန်းနှုတ်ခမ်းလေးဆူမိသွားသည်။ဘာကိစ္စကြောင့်သူ့ကိုအိမ်မှာပိတ်လှောင်နေရတာလဲ..

" မင်းတို့ငါ့ကိုဘာလို့ချုပ်ချယ်နေတာလဲ ငါကပြဿနာတစ်ခုခုရှာမှာစိုးလို့လား "

" သူဌေးကတော်ကပြဿနာရှာမှာမဟုတ်ဘူး ပြဿနာကသူဌေးကတော်ကိုလာရှာမှာစိုးလို့ သူဌေးမင်းကအိမ်မှာနေခိုင်းတာ '

" ဟွန်းးး ငါ့ကိုသေအောင်သတ်နေတာဘဲအဲ့တာ အိမ်မှာနေရတာပျင်းစရာကြီး။ '

အဟုတ်ပင် အိမ်မှာသူတို့တွေသာရှိကြသည်။မြလေးချိုက သူ့သူငယ်ချင်းတွေနှင့်အပြင်ထွက်သွားပြီး ဦးမျိုးစံကလဲအလုပ်ကိစ္စကြောင့်အခုထိပြန်မလာသေး။ဟောသု့သု့တို့သားအမိကလဲစျေးသွားနဲ့ သူတကယ်ပျင်းနေလေပြီ။

" သူဌေးကတော်ပျင်းတယ်ဆို တစ်ခုခုဆော့ကြမလား။ "

" ရူးနေလား ငါ့အရွယ်ကဆော့စရာလား ကလေးလဲမဟုတ်ဘူး။ "

" ကလေးဆော့တာမဆော့ဘူးလေ လူကြီးဆော့တာဆော့ကြမယ်။ "

" မင်း.. မင်းတို့ပေါက်ကရတွေမလုပ်နဲ့နော်။"

တေဇနဲ့ဇော်လင်းကလူယုတ်မာအပြုံးတွေပြုံးလာကြတာမို့တခေတ်ခွန်းကျောချမ်းလာသည်။သူ့ကိုတစ်ခုခုမကောင်းတာများလုပ်ကြမလို့လား...မဟုတ်မှ။

" နှစ်ခြောက် "

" ၁ပူး "

အင်းးး ဘာများလဲလို့ ဒင်းတို့ကလောင်းကစားဆော့ချင်နေကြတာကို။သူ့မှာတော့လန့်သွားတာဘဲဘာများလဲလို့ ဒိုးဆက်လေးကြေးနဲ့ဆော့တာ။

သူဌေးမင်းရဲ့အချစ်တော် (ongoing)Donde viven las historias. Descúbrelo ahora