အပိုင်း၉

7.7K 361 44
                                    

Uni

   အလုပ်ကိုရောက်တာနဲ့တခေတ်ခွန်းကစက်ရုံထဲဝင်သွားလေသည်။နားလိုက်တဲ့ရက်မှာမစစ်လိုက်ရတဲ့ဟာတွေကိုသူကပြန်စစ်ပြီးစံကောင်းမွန်အားတင်ပြရအုံးမည်။တစ်နှစ်ဆိုတဲ့ကာလကြီးလဲမြန်မြန်ပြီးသွားမှဘဲ သူရွာကိုပြန်ချင်နေပြီဖြစ်သည်။

  အမေ့သတင်းလဲဘာမှမကြားရဘူး အလုပ်သာလုပ်နေရတဲ့ဘာပိုက်ဆံမှလဲအမေ့ကိုမပို့နိုင်ဘူး။သူတော်တော်အသုံးမကျတာဘဲလေ။

" စာရင်းတွေသေချာစစ်နော် မှားရင်မင်းတာဝန်ဘဲ။ "

  အနားကိုရောက်လာလို့ဆိုလာတဲ့မိန်းကလေးအသံကြောင့်လှည့်ကြည့်လိုက်တော့ စံကောင်းမွန်ကိုမြူဆွယ်နေတဲ့မိန်းကလေးမနွဲ့မိုးဆိုသူပင်။နာမည်အတိုင်းဘဲနွဲ့နေလိုက်တာ ခါးကြီးတောင်ကျိုးတော့မည်။

   တခေတ်ခွန်း​ပြေပြေလည်လည်ပင်သွားတက်လေးတွေပေါ်အောင်ပြုံးပြလို့။

" မပူပါနဲ့မနွဲ့မိုး ကျွန်တော်ကကျွန်တော့်အလုပ်ကိုသေချောချာလုပ်ပါတယ် မနွဲ့မိုးသာကိုယ့်အလုပ်ကိုလုပ်ပါ "

" နင်!!! နေရာကောင်းရထားတော့အာချောင်ကောင်းနေတယ်ပေါ့လေ။ "

" ကျွန်တော်ကမချောင်ပါဘူး မနွဲမိုးကသာဟိုးဘက်ကနေဒီဘက်ကိုလာတာလေ အလုပ်လေးအေးဆေးလုပ်ချင်လို့ ထွက်သွားပေးပါဗျာ့ "

" နင်...ကြည့်နေ နင့်ကိုအလုပ်ထွက်ရအောင်လုပ်ပြမယ်။ "

   သူ့အားမျက်စောင်းထိုးကာပြောလို့ ထွက်သွားသူအားကြည့်ကာတခေတ်ခွန်းခေါင်းတစ်ခါခါဖြင့်သာ။တစ်နေ့တစ်ခြားသူ့ကိုမနာလိုတဲ့လူတွေကများလာသလိုဘဲ အထူးသဖြင့်မနွဲ့မိုးရဲ့အပေါင်းအပါမိန်းကလေးများဖြစ်ကြသည်။သူတို့ကတခေတ်ခွန်းဘာလုပ်လုပ်မျက်စိဒေါက်ထောက်လိုက်ကြည့်တတ်ပြီး အမှားတွေကိုလိုက်ရှာနေတတ်သည်။

   သူကဘာတွေများသူတို့မကျေနပ်အောင်လုပ်မိထားလို့လဲ။ဒေါသတွေထားမနေစမ်းပါနဲ့အမတို့ရယ် ကျွန်တော်က၁နှစ်ပြည့်တာနဲ့ရွာပြန်မှာပါဗျာ...

   နေ့လည်ခင်းထမင်းစားချိန်နားတော့မှဘဲတခေတ်ခွန်းကသက်ပြင်းချမိကာစာရင်းစာရွက်တွေသိမ်းရင်းစက်ရုံထဲကနေထွက်လာလိုက်သည်။အရင်နေ့တွေကဆိုစက်ရုံရှေ့မှာစံကောင်းမွန်ကားကရပ်ထားတတ်ပြီး သူ့ကိုလဲတေဇတို့ကထမင်းစားရန်လာခေါ်ကြပေမဲ့ဒီနေ့ကျလာလဲမခေါ်တဲ့အပြင် စက်ရုံရှေ့မှာတွေ့ရတဲ့ကားဟာလဲ စံကောင်းမွန်ကားဟုတ်မနေ။

သူဌေးမင်းရဲ့အချစ်တော် (ongoing)Where stories live. Discover now