အပိုင်း၂၁

4.9K 233 82
                                    

Uni

" ဟင့် ဟင့် "

" အင်းသိတယ် အရမ်းမငိုနဲ့တော့ "

   စံကောင်းမွန်ရင်ခွင်ထဲပိုးတုံးလုံးလေးလိုခွေကပ်လို့ငိုနေသူလေးရဲ့ကျောအားပုတ်ပေးကာသူကအိမ်ထဲကိုချီမလာလေသည်။

" သု့သု့ မင်းအမေကိုခေါ်ပြီးစျေးထဲမှာကြာဇံချက်ချက်ဖို့သွားဝယ်ချေ နည်းနည်းလေးကြာမှပြန်လာ "

" အာ...ဟုတ်ကဲ့ "

" မင်းတို့မမလေးကော ရှိသလား ရှိရင်တစ်ခါတည်းခေါ်သွားချေ "

" ဟုတ်ဟုတ် "

  ဧည့်ခန်းထဲမှာတံမြတ်စည်းလှဲနေတဲ့သု့သု့ကသူဌေးမင်းအပြောကိုမျက်လုံးဝိုင်းလေးတွေဖြင့်သာနားထောင်ပြီးနေရာကနေထွက်သွားလေသည်။သူတို့ကိုဘာလို့ကြာမှပြန်လာခိုင်းတာလဲမသိပေမဲ့သူတို့မေးခွန်းမထုတ်ရဲပါ။

    စံကောင်းမွန်ကတော့ ကိုယ်သေးသေးလေးအားအပေါ်ထပ်အားချီမလာလို့သူ့အခန်းထဲခေါ်လာလိုက်ကာကုတင်ပေါ်တင်ပေးလိုက်သည်။လက်သေးသေးလေးတွေကစံကောင်းမွန်ရဲ့လည်ပင်းကိုတွယ်ချိတ်ထားသလိုလွတ်မပေးတာကြောင့်သူကတခေတ်ခွန်းအပေါ်မှာအုပ်မိုးလျက်နှစ်ယောက်သားကုတင်ပေါ်မှာရှိနေလေသည်။

" အခုဘာဖြစ်သလဲ နေလို့ကောင်းးလား "

" အင့်ဟင်း ပူတယ် ရေ..ရေချိုးရမလား "

" ဒီအပူကရေချိုးလို့မရဘူး "

   ဆိုတော့တခေတ်ခွန်းကငိုလာသည်။မျက်နှာကဖြူဖျော့နေပေမဲ့ပါးလေးတွေရဲတက်နေသလိုနှုတ်ခမ်းလေးတွေကပန်းရောင်သန်းနေတာမို့စံကောင်းမွန်ရဲ့သာမဓိကိုလာစမ်းနေလေသည်။

" ကူညီပေးချင်ပေမဲ့ ကိုယ့်ဘက်ကနေအတင်းအကျပ်မလုပ်ချင်ဘူး အဲ့တာကြောင့်မင်းစိတ်ထဲမှာတောင်းတတဲ့လူကိုဘဲခေါ်ပါ "

" ဟင့် "

" နာမည်ခေါ် "

   စံကောင်းမွန်ကတခေတ်ခွန်းပါစပ်ကနေသူ့ကိုခေါ်ဆိုလာမည်မှသာသူ့ကကူညီပေးလိမ့်မည်။အကယ်၍တစ်ခြားလူနာမည်ကိုခေါ်မိရင်ရော...ဟက်!! အဲ့တာဆိုရင်တော့ကူညီရာကနေဒုက္ခပေးပစ်လိုက်မှာ....ဘယ်လိုဒုက္ခလဲသိလားကုတင်ပေါ်ကနေမဆင်းနိုင်အောင် ခြေထောက်တွေမထောက်နိုင်အောင်အထိခံစားရမဲ့ဒုက္ခ။

သူဌေးမင်းရဲ့အချစ်တော် (ongoing)Where stories live. Discover now