အပိုင်း၃

10.5K 666 56
                                    

Uni

  မနက်စောစောပြဿနာတက်သွားတာကြောင့် တခေတ်ခွန်းကစံကောင်းမွန်ကိုအနည်းငယ်ကြောက်သွားသည်။အလုပ်သွားရန်ကားအတူစီးရသလိုနောက်ခန်းမှာ အတူဘေးချင်းကပ်ထိုင်ရတာမို့ တခေတ်ခွန်းကကုတ်ကုတ်လေးဖြစ်နေလေသည်။

   စောနကစံကောင်းမွန် အားနဲ့ဖိကိုင်လိုက်လို့လက်ရာကြီးထင်သွားတဲ့လက်တစ််ဖက်ကိုလဲတခေတ်ခွန်းကကျန်လက်လေးဖြင့်ဖိကာနှိပ်နေလေသည်။ထိုကိုဘေးကစံကောင်းမွန်ကသတိထားမိသွားလေသည်။

" နာနေတာလား.."

   စံကောင်းမွန်ဘက်ကအမေးကိုတစ်ဖက်ကမဖြေကြား။ထို့ကြောင့်ကျစ်တစ််ချက်စုပ်သတ်ကာ ရှေ့ကကားမောင်းနေတဲ့တေဇအားအမိန့်ပေးလိုက်သည်။

" ရှေ့နားကဆေးဆိုင်မှာကားရပ်ပြီးပရုတ်စီသွားဝယ်လိုက်တေဇ "

" ဟုတ်ကဲ့သူဌေးမင်း!! "

    စံကောင်းမွန်ရဲ့အမိန့်အတိုင်းတေဇကဆေးဆိုင်ရှေ့လဲရောက်ရောကားအားရပ်လိုက်ကာဇော်လင်းနဲ့အတူကားပေါ်ကဆင်းလာကာဆေးဆင်းဝယ်လေသည်။

" ဘယ်လိုဖြစ်လို့ပြန်မပြောသလဲ ပြငါ့ကို!! "

" ခွပ်!! "

    ဟိုမှာတုန်းကသူမဟုတ်တဲ့အတိုင်းလက်ကိုအသေဆွဲညှစ်ထားပြီးအခုမှသူမလုပ်သလိုလာလုပ်နေသူကြောင့်တခေတ်ခွန်းဒေါသထွက်ကာစံကောင်းမွန်မျက်နှာအားတစ်ချက်ထိုးလိုက်သည်။

" မင်းကအရူးဘဲစံကောင်းမွန်...အခုမင်းငါ့ထပ်သာသွားတော့ပျော်နေတယ်မဟုတ်လား ငယ်ငယ်ကမင်းတို့ကိုကူညီခဲ့တဲ့ငါ့အဖေမျက်နှာမှမထောက် လွန်နေပြီမထင်ဘူးလား။ "

" လက်ကိုပြပါ တအားနာနေရင်ဆရာဝန်ဆီသွားမယ်။ "

" လွှတ်ပါ မင်းအိမ်ကအစေခံကိုတောင်မှငါ့မှာထိပိုင်ခွင့်မရှိရအောင်ငါကဘာမို့လို့လဲ စံကောင်းမွန် မင်းကငါ့ကိုငယ်ငယ်ကလဲငိုအောင်လုပ်တယ် ဟင့်အခုကော!! "

   ရုတ်တရက်ကြီးမျက်လုံးအိမ်ထဲကနေမျက်ရည်တွေစီးကျလာတဲ့တခေဆ်ခွန်းကြောင့်စံကောင်းမွန်ကငြိမ်သက်သွားသည်။ဘာလို့အထင်မှားနေရတာလဲတခေတ်ခွန်းရဲ့ ငါကမင်းကိုအထိမခံစေချင်ခဲ့တာပါ။

သူဌေးမင်းရဲ့အချစ်တော် (ongoing)Where stories live. Discover now