အပိုင်း၈

8.8K 382 55
                                    

Uni

    သူဌေးမင်းကသူဌေးကတော်အားချီမကာ ကားထဲကနေဆင်းသွားလေသည်။သူဌေးကတော်ကိုယ်လေးကတုန်ရီနေကာထိုလူခေါင်းတစ်စုံကသူဌေးမင်းပုခုံးကြားမှာနစ်မြုပ်နေလေသည်။တေဇနဲ့ဇော်လင်းကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အတွေးတွေကထပ်တူကြလေသည်။

" သွားချောင်းကြမလား။ "

" သွားမယ်။ "

  လူပျိုလေးနှစ်ယောက်ကတက်ကြွစွာကားပေါ်ကဆင်းလို့အသာလေးသူတို့သူဌေးမင်းနောက်ကနေပုန်းလျိုးကွယ်လျိုးဖြင့်လိုက်သွားလေသည်။

   အခန်းလေးထဲစံကောင်းမွန်ကသူ့ရဲ့ချစ်လှစွာသောလူသားလေးအားချီမလာပြီးနောက်တွင်ကုတင်ပေါ်မှာတင်လိုက်ကာထိုင်စေလိုက်သည်။မျက်နှာလေးတွေနီရဲနေတဲ့တခေတ်ခွန်းက ခေါင်းကိုသာငုံ့ထားလေသည်။စံကောင်းမွန်ကဘာမှမပြော ကုတင်ဘေးကအံဆွဲလေးထဲကဆေးသေတ္တာလေးအားယူကာတခေတ်ခွန်းပေါင်ပေါ်တင်ပေးလိုက်သည်။

   ပြီးနောက် သူကကြမ်းပြင်ပေါ်မှာအားမနာတမ်းထိုင်ချလို့သွေးတွေစွန်းနေတဲ့လက်ကလေးအားတခေတ်ခွန်းဆီထိုးပေးလိုက်သည်။

" ဆေးထည့်ပေးပါ "

   အခုတစ်မျိုးတော်ကြာတစ်မျိုးစိတ်ပြောင်းလဲနေတဲ့စံကောင်းမွန်ကခုနကတင်ကားပေါ်မှာသူ့ကိုမထိနဲ့လေးဘာလေးနဲ့ရန်လိုနေပြီးအခုများကျဆေးထည့်ပေးတဲ့လေ။တခေတ်ခွန်းကပင့်သက်ရှိုက်ကာစကားတစ်ခွန်းအားဆိုလိုက်သည်ယ

" ခွေးစိတ်နဲ့ကောင်!! "

  သူ့ရဲ့ကြိမ်ဆဲမှု့ကိုစံကောင်းမွန်ကစိတ်မဆိုးတဲ့အပြင်ပြုံးရယ်လာလေသည်။သဘောကဟုတ်ပါတယ်လို့ဝန်ခံသည့်ပုံ။

" ငါခုနကစိတ်ဆက်သွားလို့ပါ မင်းသာငါ့ကိုစိတ်မဆိုးအောင်မလုပ်ဘူးဆိုငါ့လက်လဲဒဏ်ရာရသွားမှာမဟုတ်ဖူး။ "

" အခုဒီလိုဖြစ်တာငါ့ကြောင့်လို့မင်းကဆိုလိုတာလား။ "

" အဲ့မြို့အုပ်ဆိုတဲ့ကောင်ရယ် ပွဲလုပ်တဲ့ဦးခန့်ကျော်ဆိုတဲ့အဘိုးကြီးရယ်နဲ့ဝေးဝေးနေပါ ငါသူတို့ကိုသဘောမကျဘူး။ "

သူဌေးမင်းရဲ့အချစ်တော် (ongoing)Where stories live. Discover now