အပိုင်း၆

8.2K 409 39
                                    

Uni

   မြို့ထဲကစျေးရုံကြီးကအတော်လေးလူစည်ကားကာလူပင်တိုးနေရလေသည်။ရုံးပိတ်ရက်မဟုတ်တာတောင်အထည်ဆိုင်အလှကုန်ဆိုင်တွေနဲ့ပစ္စည်းပစ္စရာဆိုင်တွေမှာအတော်လေးလူစည်ကားနေကြလေသည်။

" အကိုခွန်း...အကိုမြို့ကိုဘယ်နှစ်ခေါက်ရောက်ဖူးလဲဟင်။ "

" အကိုမြို့ကိုအခုမှရောက်ဖူးတာပါ ငယ်ငယ်ကမြို့ကြီးပြကြီးတွေဆီသွားကြည့်ဖူးချင်ပေမဲ့အကို့အဖေကမအားတာနဲ့လိုက်မပို့ဖြစ်ဖူးလေ "

" အာ ဘာမှစိတ်မပူနဲ့နော် ညီမကအကို့ကိုမြို့ကအကြောင်းတွေနဲ့မြို့ကပျော်စရာတွေအကြောင်းပြောပြမယ် ဒါပေမဲ့ အခုညီမလမ်းမမှတ်မိဘူး "

   မြလေးချိုကအတည်ပေါက်ကြီးပြောလာတာကြောင့်တခေတ်ခွန်းကြောင်အသွားသည်။သူကအခုမှမြို့တက်လာလို့ဘာမှမသိပါဘူးဆိုမြို့မှာနေတဲ့မမလေးက လမ်းတောင်မမှတ်မိတော့ဘူးတဲ့လေ။တခေတ်ခွန်းမျက်နှာကသိသိသာသာပျက်ကျသွားတော့မှမြလေးချိုကတခစ်ခစ်ရယ်လာသည်။

" စိတ်မပူပါနဲ့ကိုတေဇနဲ့ ကိုဇော်လင်းပါပါတယ် ညီမလမ်းမမှတ်မိဘူးဆိုတာလဲ မြို့ကနေရာတွေကတစ်နေ့ထပ်တစ်နေ့ပိုမိုကြီးကျယ်လာတာကြောင့်ပါ နည်းနည်းလေးမေ့နေတာမို့စိတ်မပူပါနဲ့။ "

" အဟွန်း ဟုတ်ပါပြီ "

   တခေတ်ခွန်းခင်မျာဘေးကအားကိုးစရာလေးတွေပါတာမို့အခုမှစိတ်သင်သာရာရမိသည်။အနည်းဆုံးတော့လမ်းပျောက်သွားလဲတေဇတို့နားရှိရင်ကိစ္စမရှိပါဘူးလေ...

   စျေးရုံကြီးထဲကိုသူတို့ဝင်သွားကြကာ အရင်ဆုံးမြလေးချိုကအထည်ဆိုင်ကိုဝင်လေသည်။မိန်းကလေးမို့လှလှပပဝတ်ချင်တာလဲမဆန်းဘူးလေ။မိန်းကလေးတွေရဲ့အိမ်မက်ကလှလှပပနေနဲ့ပျော်ပျော်ရွှင်ရွှင်နေဖို့ဘဲမဟုတ်လား။

" အကိုညီမဘယ်ဝမ်းဆက်နဲ့လှလဲဟင် "

" မြလေးချိုကအသားလေးဖွေးတော့ အစိမ်းလေးနဲ့ဆိုလှမယ်နော် အွန်းပန်းရောင်လေးဆိုအနုအရွလေးဆန်သွားမယ်။ "

" ဟုတ်လားဆိုင်ရှင်အဲ့ဝမ်းဆက်နှစ်စုံကိုအိတ်ထဲထည့်ထားပါ ထပ်ပြောကြည့်ပါအုံးညီမနဲ့လိုက်မဲ့ဟာတွေ။ "

သူဌေးမင်းရဲ့အချစ်တော် (ongoing)Where stories live. Discover now