အပိုင်း၁၆

5.7K 245 40
                                    

Uni

   တခေတ်ခွန်းနေမကောင်းဖြစ်နေတာကြောင့်စံကောင်းမွန်ကဒီနေ့တော့အလုပ်မသွားဘဲအိမ်မှာဘဲနေနေလေသည်။မဟုတ်လဲသူကအလုပ်ကိုနေတိုင်းသွားနေစရာမလိုပါလေ သွားရတဲ့အကြောင်းကလဲတခေတ်ခွန်းကြောင့်ဘဲမဟုတ်လား။သူရှိနေတဲ့နေရာမှာဘဲစံကောင်းမွန်ကလိုက်နေနေရရင်ကိုဖြသ်နေတာမျိုး။

" သူဌေးမင်း ဦးခန့်ကျော်နဲ့မစံပယ်ဖြူအိမ်ကိုရောက်လာတယ် ခြံထဲမှာသူတို့နှစ်ယောက် "

" ဘာ...ဘာလာလုပ်ကြတာလဲရှုပ်ရှုပ်ယှက်ယှက် "

    အိမ်ထဲဝင်လာကာပြောလာတဲ့တေဇကြောင့်စံကောင်းမွန်မှာသတင်းစာဖတ်ရင်းမျက်မှောင်တွေကျုံ့မိသွားသည်။သူကသတင်းစာအုပ်အားစားပွဲပေါ်ပစ်ချလိ​ု့မျက်နှာခက်တည်တည်ဖြင့်အိမ်ပြင်ထွက်လာလိုက်သည်။

  ဦးခန့်ကျော်နဲ့စံပယ်ဖြူက ခြံထဲကအပန်းဖြေခုံဝိုင်းလေးမှာထိုင်နေကြကာစကားတွေပြောနေကြပြီးသူတို့ဆီရောက်လာတဲ့သံကောင်းမွန့ကိုတွေ့တာနဲ့ပြုံးရယ်ပြလာကြသည်။ပြုံးတော့ပြုံးတယ် ဒါပေမဲ့ကျက်သရေတုံးစရာအပြုံးဆွေ...

" ဦးခန့်ကျော် ကျုပ်အိမ်တောင်ရောက်လာရတဲ့အထိဘာကိစ္စများရှိလို့တုန့း "

" ဟားးး သူဌေးမင်းရယ် ကျွန်တော်တို့ကကိစ္စရှိမှာလာရမှာလား ဒီလူအချင်းချင်းဘဲ အိမ်လာလည်တာဆန်းသလား။ "

" ထားပါတော့လေ ထားပါတော့။ "

   စံကောင်းမွန်မျက်နှာကပြုံးရယ်နေပေမဲ့ဒါကအတုအယောင်သက်သက်ဘဲ။သူကအိမ်ရှင်ဖြစ်တဲ့အတွက်ဧည့်ဝတ်ကျေစေရန်ပြုံးနေဖို့လိုတယ်မဟုတ်လား...

" သမီး ခြံထဲပတ်ကြည့်လိုက်အုံးလေ သွား အဖေသူဌေးမင်းနဲ့စကားပြောအုံးမယ်။ "

" ဟုတ်ကဲ့အဖေ "

    ဦးခန့်ကျော်ကသူ့သမီးဖြစ်သူအားနေရာကနေအမြန်သွားရန်ပထုတ်လိုက်တော့စံပယ်ဖြူကနေရာကနေထွက်လာကာခြံတစ်ပတ်ပတ်ကြည့်လေသည်။ထိုမှဦးခန့်ကျော်ကတောင်ကြည့်မြောက်ကြည့်ဖြင့်တစ်ခုခုကိုရှာသလိုလိုဖြင့်။

သူဌေးမင်းရဲ့အချစ်တော် (ongoing)Where stories live. Discover now