အပိုင်း၄

9.3K 520 34
                                    

Uni

  တစ်မနက်လုံးတခေတ်ခွန်းကိုဆန်စက်ကစရင်းတွေကောက်ခိုင်းကာသေသေချာချာစရင်းစစ်ရသည်။စာရင်းမှားသွားမှာလဲသူကြောက်မိသည်။

   အဖေဖြစ်သူ သူကြီးဆုံးသွားတော့ တခေတ်ခွန်းက၁၅နှစ်သာရှိသေးသည်။ရွာမှာမို့ကျောင်းနေဖို့ကလဲအဆင်မပြေစွာသူ လေးတန်းထိသာတက်ခဲ့ရသည်။ရေးတတ်ဖတ်ကအဆင်ပြေပေမဲ့ အင်္ဂလိပ်စာတော့လာမမေးတာအကောင်းဆုံးပင်ဖြစ်လိမ့်မည်။

   အဲ့တုန်းကအတော်လေးဒုက္ခရောက်ခဲ့သလိုအမေကလဲသူ့ယောကျာ်းစိတ်နဲ့ကောရောဂါအခံကြောင့်ကောကြောင့်အိပ်ရာထဲလဲခဲ့သည်။သူကြီးဆုံးတော့သူတို့အရင်နေခဲ့တဲ့အိမ်ကြီးပြကြီးအားရောင်းခဲ့ရကာ အဖွားတို့ရှိတဲ့အိမ်မှာသွားနေခဲ့ရသည်။

   အဲ့အချိန်ကနေဒီအသက်ထိသူကကံအပြောင်းအလဲကြောင့်ဒုက္ခတွေခံစားခဲ့ရပေမဲ့စံကောင်းမွန်ကတော့ဒုက္ခမပြောနဲ့မှဲ့တစ်ပေါက်တောင်စွန်းခဲ့မည်မထင်ပါ။ဒါပေမဲ့တခေတ်ခွန်းအထင်တွေလိုတော့ဟုတ်မနေဘူးဆိုတာစံကောင်းမွန်ပြောပြမှသာသိလိမ့်မည်။

     နေ့လည်ဘက်ထမင်းစားရန်တေဇတို့ကလာခေါ်တာကြောင့်တခေတ်ခွန်းစာရင်းစာအုပ်တွေကိုအသာအယာစီကာအလုပ်စားပွဲပေါ်မှာတင်ထားခဲ့လိုက်သည်။ကားဖြင့်စက်ရုံအနီးနားကစားသောင်ဆိုင်ဆီသွားတာကြောင့်တခေတ််ခွန်းကပျော်နေလေသည်။

  အကြောင်းမှာသူမြို့ကအစားအသောက်ဆိုင်တွေမှာစားကြည့်ဖူးချင်ကြောင့်ပင်။

" သူဌေးမင်း ကြိုဆိုပါတယ် ဘာများသုံးဆောင်မလဲခင်မျ "

   ဆိုင်ထဲရောက်လို့ဝိုင်းမှာထိုင်တာနဲ့ဝိုင်းဆီပြေးလာသူဟာစားပွဲထိုးဟုတ်မနေဘဲ ဆိုင်ရဲ့သူဌေးသာဖြစ်သည်။စံကောင်းမွန်နေ့တိုင်းဒီကိုလာစားနေကျမို့ ဆိုင်ရှင်ကမြို့ရဲ့သူဌေးမင်းအားအတော်လေးရိုသေစွာဆက်ဆံလေသည်။

" ဘာစားချင်လဲ "

" ဟမ်အာ ကျွန်တော့်ကိုမေးတာလား...ဘာဖြစ်ဖြစ်အဆင်ပြေပါတယ်။ "

" သေချာလား။ "

   စံကောင်းမွန်ကအေးအေးလူလူသာမေးသည်ကိုတခေတ်ခွန်းခေါင်းလေးငြိမ့်ပြလိုက်သည်။လူကြားထဲမှာမို့မင်းနဲ့ငါသုံးရင်မကောင်းတာကြောင့်တခေတ်ခွန်းရိုသေစွာဆက်ဆံလိုက်သည်။

သူဌေးမင်းရဲ့အချစ်တော် (ongoing)Where stories live. Discover now