5

9.2K 1.3K 6
                                    

လင်းကျန်က ဘာလို့ဒီမှာမရှိနေတာလဲ။
..............................................

ကျားယွမ်လင်း၏ အနောက်ဘက်ဥယျာဉ်မှာ ကျန်းနန်ဥယျာဉ်များကဲ့သို့ပင် အကွေ့အကောက်များကာ ငြိမ်သက်လှပသဖြင့် လင်းကျန်အစီအရင်ချရန် အဆင်ပြေသည်။

သူ့အမေသင်ပေးခဲ့သော အစီအရင်များကို အခြေအနေအလိုက်သုံးရသည်။ အချို့တွင် အချိန်မှန်၊ နေရာမှန်ရန် အာရုံစိုက်ရသည်။ သို့သော်သူသုံးမည့် အယောင်ပြထောင်ချောက်မှာ အချိန်အခါ၊ ရာသီဥတု၏အကူမလိုဘဲ နေရာမှန်ရန်သာလိုအပ်သည်။ မည်သူ၏နှောင့်ယှက်မှုမှမရှိရာ ဤထောင်ချောက်သည် သူ့အမေရည်ညွှန်းသကဲ့သို့ မျက်လှည့်ဆန်သလား သက်သေပြရန် လင်းကျန်အဆင်သင့်ပင်။

ထိုသို့လုပ်ရမည်ဆိုလျှင် ယခုလေးတင်ပြန်မှတ်မိသော အချက်အလက်များအရ လင်းကျန် ဥယျာဉ်ပတ်ပတ်လည်မှ ပန်းအိုးအားလုံးကို နေရာရွှေ့ကာ အလှပန်းအိုးအချို့ကို လှဲချလိုက်ပြီး မွှေးကြိုင်သောပန်းအိုးအချို့ကို အနောက်ဥယျာဉ်၏ထောင့်တစ်ထောင့်အနီးသို့ ရွှေ့လိုက်သည်။ နောက်ဆုံးတွင်တော့ မြေကြီးပေါ်၌ သတိလစ်နေသည့် ကချေသည်၏ ပုံစံကိုပြောင်းလိုက်သည်။

အဆင်အပြင်ပြီးတော့မည့်အချိန်၌ အပြင်ဘက်မှ ဆူညံသံအချို့ကို လင်းကျန်ကြားလိုက်ရသဖြင့် အလုပ်မြန်မြန်အဆုံးသတ်ကာ ပုန်းကွယ်ရန် နေရာတစ်နေရာ ရှာလိုက်သည်။ သို့ရာတွင် သူမတ်တပ်ရပ်လိုက်သည်နှင့် ကချေသည်၏ခန္ဓာကိုယ်ကို အမှတ်တမဲ့တွေ့ကာ မူးဝေသွားသည်။ သူလန့်ဖျပ်သွားကာ အစီအရင်ရှိ တစ်ခုတည်းသော အရေးပေါ်အပေါက်မှ အလျင်စလို ထွက်သွားလိုက်ရသည်။

အစီအရင်ချခဲ့သော လင်းကျန်သည်ပင် ဇဝေဇဝါဖြစ်နေရာ သူဤထောင်ချောက်၏ သက်ရောက်နိုင်စွမ်းကို အလွန်မျှော်လင့်နေမိသည်။

ထိုအချိန်မှာပင် အနောက်ဘက်ဥယျာဉ်ထောင့်မှ ခြေသံများထွက်လာပြီး တစ်စုံတစ်ယောက်ကပင် စကားပြောနေသည်။ "အဖေ၊ အထင်လွဲတာနေပါလိမ့်မယ်။ ညီလေးကျန်းက စင်ကြယ်တဲ့သူပါ။ သူကအရက်တောင်မူးနေလို့ ဘေးအဖီခန်းထဲမှာ အနားယူနေတာ၊ ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ် လုပ်နိုင်မှာလဲ။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းHikayelerin yaşadığı yer. Şimdi keşfedin