45

6.4K 1K 14
                                    

စစ်သူကြီး လက်ထပ်ရမဲ့သူ
................................

"ဘာများ အမိန့်ပေးစရာရှိပါသလဲ၊ စစ်သူကြီးခင်ဗျ။"

မိုးစဲသွားကာ ပတ်ဝန်းကျင်မှာ မည်းမှောင်နေသည်။ တည်းခိုဆောင်၏ပြတင်းပေါက်မှကြည့်လျှင် လျန်တန်မြို့၏ညမြင်ကွင်းကို မြင်ရသည်။ အမှောင်ထုအောက်တွင် မီးအိမ်များက မှိန်ဖျဖျလင်းနေကြသည်။ စိုစွတ်အေးစက်သော လေတစ်ပွေက အခန်းထဲသို့ ပြတင်းပေါက်မှတစ်ဆင့် ဝင်လာသည်။ ယင်းက အလွန်အေးသည်။

အခန်းထဲသို့ ဝင်လာသူက ပြတင်းပေါက်ကိုကြည့်ကာ အနည်းငယ် စိုးရိမ်နေပုံဖြင့်ပြောသည်။ "စစ်သူကြီးခင်ဗျ၊ ညဘက်မှာ အေးပါတယ်။ ပြတင်းပေါက်ကို ပိတ်ထားရင် ပိုကောင်းပါလိမ့်မယ်။"

ယွီဝမ်ထုန်က ဤအအေးဓာတ် အရိပ်အငွေ့မျှကို ဂရုမစိုက်ပေ။ "ယွဲ့ချီ၊ မနက်ဖြန် မင်းက လူတစ်ဝက်ကိုဦးဆောင်ပြီး မြို့တော်ဆီ ဆက်သွားလိုက်။  ပြီးရင် ငါဘယ်မှာဆိုတာ ဧကရာဇ်ဆီ လျှောက်တင်ပေး။ ငါထန်းယန်ဆီသွားပြီး ငါလက်ထပ်ရမဲ့လူကို သွားရှာတယ်လို့သာ တင်ပြလိုက်။"

"ဟုတ်ကဲ့ပါ...အာ"  ယွီဝမ်ထုန်၏ကိုယ်ရေးကိုယ်တာအစောင့်များ၏ ခေါင်းဆောင်ဖြစ်သူ ယွဲ့ချီမှာ အလွန်အံ့ဩ၍ ကြက်သေသေသွားသည်။

'လက်ထပ်...လက်ထပ်ရမဲ့သူ ဟုတ်လား။'

'စစ်သူကြီးမှာ လက်ထပ်ရမဲ့လူ ရှိနေတာလား။'

'မဟုတ်သေးပါဘူး။ စစ်သူကြီး ဘယ်တုန်းက စေ့စပ်ခဲ့တာလဲ။ သူ စစ်သူကြီးရဲ့အနားမှာ ဆယ်နှစ်နီးပါးနေခဲ့တာကို ဒီအကြောင်းဘယ်လိုလုပ် မကြားဖူးရတာလဲ။'

'အရှင်ဧကရာဇ်က လက်ထပ်ခိုင်းမှာစိုးလို့ စစ်သူကြီး အလိမ်အညာတစ်ခုကို ပြောလိုက်တာလား။'

ယွဲ့ချီ ခန့်မှန်းနေရင်း စိုးရိမ်လာသည်။ "စစ်သူကြီး အခုလေးတင်ပြောလိုက်တာက တကယ်လား။ အရှင်ဧကရာဇ်သာ စစ်သူကြီးညာနေတာကိုသိရင် ဧကရာဇ်ကို အပြစ်ပြုမိသလို ဖြစ်သွားပါလိမ့်မယ်။"

ယွီဝမ်ထုန်က သူ့ကို အနည်းငယ်မကျေနပ်သကဲ့သို့ ကြည့်သည်။ "အဲ့ဒါက အလိမ်အညာလို့ မင်းကို ဘယ်သူပြောလို့လဲ။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းTempat cerita menjadi hidup. Temukan sekarang