79

5.3K 905 14
                                    

တန်ပြန်အစီအမံ
.....................

"အကြောင်းမရှိအကြောင်းရှာပြီး ရုံးတော်သားတွေကိုလွှတ်မယ်။ သူခိုးတွေကိုရှာတာမျိုး အဲ့လိုပေါ့။ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့် ပြဋ္ဌာန်းပြီး ရုံးတော်သားတွေကို ညတိုင်းကင်းလှည့်ခိုင်းမယ်။ လုမိသားစုကို အလေးထားပြီးကာကွယ်ပေးဖို့ အကြောင်းပြချက်တစ်ခုပေးထားရမယ်။ အဲ့ဓားပြတွေက ခုခံထားတာတွေကိုမြင်တာနဲ့ ဒွိဟဖြစ်သွားကြလိမ့်မယ်။ သူတို့က ပေါ်တင်ထွက်တိုက်ဖို့ သတ္တိရှိရင်တောင်မှ ငါတို့ အကြောင်းပြချက်ခိုင်ခိုင်မာမာနဲ့ ပြန်တိုက်လို့ရမယ်။"

ဟုတ်သားပဲ။ သူဘာကြောင့် ဒါကိုမတွေးမိတာပါလိမ့်။ လင်းကျန်၏မျက်လုံးများတောက်ပလာသည်။

သူတို့ နောက်လလယ်လောက်အထိ တောင့်ခံထားနိုင်လျှင် ကျန်ချောင်း ပျက်စီးကိန်းကြုံသွားမည်ဖြစ်ပြီး ဤကိစ္စနှင့်ပက်သက်၍ လုံးဝစိုးရိမ်စရာမလိုတော့ပေ။

"အရေးအကြီးဆုံးက ငါတို့ကျန်ချောင်းကို သူ့ဘာသာသူနာကြည်းအောင် တွန်းအားပေးနိုင်မှာပဲ။" လင်းကျန်ကထပ်ပြောသည်။

"ကျန်ချောင်းက ဘာလို့လဲ။"

လင်းကျောက်ဝမ်ကပြုံးသည်။ "မင်း နယ်စောင့်တပ်တွေရဲ့တာဝန်ကို မေ့နေတာလား။ ရုံးတော်သားတွေထက် နယ်စောင့်တပ်သားတွေက ဓားပြတွေကို ကိုင်တွယ်ဖို့ လုံလောက်တာထက်ပိုတယ်မဟုတ်လား။"

"ကျွန်တော် သိပြီ။" လင်းကျန်က စိတ်လှုပ်ရှားစွာပြောသည်။ မြို့တွင်တစ်ခုခုဖြစ်ပျက်လျှင် နယ်စောင့်တပ်သားများ၌ အကူအညီပေးရန် ဥပဒေအရတာဝန်ရှိပြီး ကျန်ချောင်း မငြင်းပယ်နိုင်ပေ။ ထို့အပြင် ကျန်ချောင်းက ယင်းဓားပြများမြို့ထဲသို့ မဝင်လာရန်တားရမည်။ ထိုသို့မဟုတ်လျှင် မြို့နေလူထုက နယ်စောင့်တပ်သားများကို မည်သို့ထင်ကြမည်နည်း။

ဤအစီအစဉ်ကြောင့် လင်းကျန်စိတ်ချသွားသည်။

သူတို့နှစ်ယောက်ဆွေးနွေးပြီးသောအခါ ယွီဝမ်ထုန်ရောက်လာသည်။

ယွီဝမ်ထုန်ကိုတွေ့မှသာ သူ၏ယခင်လုပ်ရပ်နှင့် သူ့ဦးလေး၏အကြံတို့ကိုရှင်းပြရန် လင်းကျန်သတိရသည်။ မည်သို့ပင်ဆိုစေ ကျန်ချောင်းဘာလုပ်တော့မည်ကို သူကြိုသိထားခြင်းများမှာ ဤအစီအစဉ်အတွက် မရှိမဖြစ်လိုအပ်သည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now