76

5.3K 970 33
                                    

သွေးကြောများကို ရှင်းလင်းခြင်း
.........................................

ယွီဝမ်ထုန်ကြောင့် လင်းကျန်အတော်အံ့ဩသွားသည်။ ပုံများကိုသေချာလေ့လာပြီးနောက် ယွီဝမ်ထုန်က အစီအရင်သုံးမျိုးဆွဲထားသည်ကိုတွေ့ကာ သူပိုအံ့ဩမိသည်။

"သူတို့စလို့အဆင်ပြေမဲ့ အစီအရင်ပုံစံသုံးမျိုးကို ကိုယ်ရွေးထားတယ်။ မင်းကိုးကားနိုင်ဖို့အတွက်လည်း သူတို့ရဲ့အသီးသီးနေရာတွေကို အကြံပေးထားတယ်။ မင်း စမ်းကြည့်ပါလား။"

လင်းကျန် ထပ်ကြည့်လိုက်သောအခါ ပုံပေါ်ရှိအသေးစိတ်များကို ထပ်တွေ့လိုက်ရသည်။ ၎င်းမှာ အစောင့်ဆယ့်နှစ်ယောက်တို့၏ တည်နေရာများသာမက မှတ်ချက်များလည်းပါသည်။

"ခင်ဗျား"

"မင်းမှာ မေးစရာရှိရင် မေးသာမေးလိုက်ပါ။"

လင်းကျန် အံ့အားသင့်မှုကြောင့် ခေတ္တမျှပြောစရာမဲ့သွားသည်။ ဖျတ်ခနဲသာမြင်လိုက်၍ တစ်ဝက်လစ်လပ်နေသည့် အစီအရင်အား ယွီဝမ်ထုန်က အပြည့်ဆွဲနိုင်သောကြောင့် လင်းကျန်အံ့ဩမိခဲ့သော်လည်း ယွီဝမ်ထုန်က သူ့အား အစီအရင်သုံးခု ထူးထူးခြားခြား ပေးလာသည်။ ဤအစီအရင်ပုံစံသုံးခုကို ယွီဝမ်ထုန်အဖြေရှာလာသည်ဟု သူတွေးလိုက်သော်လည်း ဤသုံးခုအား သူ့အတွက်ရွေးထားသည်ဟုပြောရာ ယွီဝမ်ထုန်က ယခုထက်ပိုသိသေးသည်ဟု ဆိုလိုသည်။ ယခုအခါ ယွီဝမ်ထုန်ကသူ့အိမ်၏လုံခြုံရေးစနစ်အား လုံးလုံးလျားလျား သိနေပြီဖြစ်ပြီး စာရွက်ပေါ်တွင် အစောင့်များ၏နေရာအသေးစိတ်နှင့် မှတ်ချက်များပါသည်။

ဒီတစ်ယောက်က လူမဟုတ်ဘူးလား။

သူကအလွန်ထိတ်လန့်သွားရာ ယွီဝမ်ထုန်အကြောင်းသူသိသမျှမှာ ရေခဲစိုင်ကြီး၏ထိပ်ဖျားမျှသာ ဖြစ်နိုင်လောက်သည်ဟုပင် ခံစားရသည်။

"ကျွန်တော်...ကျွန်တော့်အိမ်ရဲ့လုံခြုံရေးစနစ်အကြောင်းကို ခင်ဗျားကဘယ်လိုလုပ် ဒီလောက်သိနေရတာလဲ။"

"ဝါးစိမ်းစံအိမ်ရဲ့ခေါင်မိုးပေါ်ကနေဆိုရင် အစောင့်တွေရဲ့နေရာမှာ ဘာလုပ်နေကြလဲဆိုတာ အကုန်မြင်ရတယ်လေ။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now