113

4K 670 14
                                    

အစ်ကိုကြီးက ကျွန်တော်တို့နဲ့အတူ မလိုက်ဘူးလား။
...............................................................

"အခုလား။" အစေခံက အနည်းငယ်ကြောင်အသွားသည်။ 'မွန်းလွဲချိန်တောင်ရောက်နေပြီလေ။' သူတွေးမိသည်။

"ဟုတ်တယ်။ ကြားတယ်မလား။ မြန်မြန်လုပ်။ " လင်းကျန်ကပြောသည်။

အစေခံက မေးခွန်းထပ်မမေးရဲသဖြင့် ချက်ချင်းလှည့်ထွက်သွားသည်။

ကျန်းကျိုးမှကုန်သည်နှစ်ယောက်မှာ လင်းမိသားစုမှလူတစ်ယောက်က သူတို့အား တည်းခိုဆောင်ဆောင်တွင် လာတွေ့သဖြင့် အနည်းငယ်အံ့ဩသွားသည်။ "လင်းမိသားစုက လူလား။"

"သခင်ဟောင်းလင်းကများ သဘောတူလိုက်လို့လား။"

"ကျွန်တော်တို့ရဲ့သခင်လေးက လူကြီးမင်းတို့ကို ကျွန်တော်တို့ရဲ့သခင်ဟောင်းနဲ့ တွေ့ခွင့်ပြုလိုက်ပါတယ်။ ဒါပေမဲ့ လူကြီးမင်းတို့တွေ အဲ့ဒိကိုချက်ချင်းသွားရပါမယ်။" လင်းမိသားစု၏အစေခံက ပြန်ပြောသည်။

ကျန်းကျိုးမှ အလည်ရောက်လာသည့် ကုန်သည်နှစ်ယောက်က အကြည့်ဖလှယ်လိုက်ကြသည်။ 'အခုတောင် မွန်းလွဲချိန်ရောက်နေပြီ။ တစ်ယောက်ယောက်ဆီသွားလည်ဖို့ အချိန်ကောင်းမဟုတ်ဘူး။'

"လူကြီးမင်းတို့ အမြန်လုပ်ရပါမယ်။ မဟုတ်ရင် ကျွန်တော်တို့ရဲ့သခင်လေး စိတ်ပြောင်းသွားပြီး လူကြီးမင်းတို့ ဒီလိုခရီးရှည်ကြီးနှင်လာရတာက အလဟဿဖြစ်သွားပါလိမ့်မယ်။" အစေခံကလောဆော်သည်။

သက်လတ်ပိုင်းအရွယ် ခပ်ဝဝလူက ချက်ချင်းဆုံးဖြတ်ချက်ချလိုက်သည်။ "ကောင်းပြီ။ ငါတို့ အဲ့ဒိကိုချက်ချင်းသွားမယ်။"

ပိန်သောလူက ဤစကားကိုကြားသောအခါ ဘာမျှမကန့်ကွက်ချေ။ "ကျွန်တော် အပေါ်ထပ်မှာ လက်ဆောင်တွေသွားယူလိုက်ဦးမယ်။"

အစေခံက သူတို့ကို ထပ်မံစေ့ဆော်ချင်သော်လည်း သူထပ်မံ၍လောဆော်လိုက်လျှင် ဤလူနှစ်ယောက်မှာ လင်းမိသားစုက သူတို့အလည်ရောက်လာမည်ကို မျှော်လင့်နေသကဲ့သို့ ထင်သွားမည်ကို သိသဖြင့် သည်းခံလိုက်သည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now