64

6.1K 1K 7
                                    

မင်းရဲ့ သွေးကြောတွေကို ကိုယ်ရှင်းပေးရမလား။
.................................................................

"အရာရှိကြီးယွီဝမ်ခင်ဗျ၊ အရှင်ဧကရာဇ်က သခင်ကြီးနဲ့ သခင်မယွီဝမ်တို့ကို နန်းတော်ဆီဆင့်ခေါ်လိုက်ပါတယ်။"

ယွီဝမ်စံအိမ်မှာ ကြီးမြတ်သောယွဲ့၏ အင်အားအကြီးဆုံးစစ်သူကြီး ယွီဝမ်ထုန်၏အိမ်ပင်။ ယွီဝမ်ကျီကပြုံးကာ ဝမ်ပေါင်လုဟုခေါ်သည့် ဧကရာဇ်မိန်းမစိုးအား လာဘ်ထိုးလိုက်သည်။ "မိန်းမစိုးဝမ်၊ ဧကရာဇ်က ကျွန်တော်တို့ကို ရုတ်ခြည်းဆင့်ခေါ်ရတဲ့ အကြောင်းရင်းကိုများ သိပါသလား။" ယွီဝမ်ထုန်ကမေးသည်။

ပိုက်ဆံအား ယွီဝမ်ထုန်ထံပြန်ပေးကာ ဝမ်ပေါင်လုက စိတ်အနှောင့်အယှက်ဖြစ်သောအသံဖြင့်ပြောသည်။ "ကျွန်တော်က အရာရှိကြီးကို မပြောချင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ အရှင်ဧကရာဇ်အလိုရှိတဲ့အရာကို ကျွန်တော်တကယ်မသိပါဘူး။ ဒါပေမဲ့ စိတ်ချပါ။ အရှင်ဧကရာဇ်က အေးအေးချမ်းချမ်းပါပဲ။"

မိန်းမစိုးအား လာဘ်ထိုးမှုမအောင်မြင်သဖြင့် ယွီဝမ်ကျီ အနည်းငယ် စိတ်တိုမိသည်။ သူက မိန်းမစိုးအား စိတ်ထဲ၌ မကျေမနပ်ပြောနေသော်လည်း ကျေးဇူးတင်ဟန်ဆောင်နေသေးသည်။ "ကျွန်တော့်ကို သိခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် အရှင်ဧကရာဇ်ဆီကို ဇနီးဖြစ်သူနဲ့အတူ ချက်ချင်းပဲ အခစားဝင်လိုက်ပါ့မယ်။" ယွီဝမ်ကျီကပြောသည်။

"အရာရှိကြီး ယွီဝမ်က ယဉ်ကျေးနေလွန်းပါပြီ။ ဒါဆို ကျွန်တော်သွားလိုက်ပါဦးမယ်။ အရာရှိကြီး နန်းတော်ဆီ ရောက်လာမဲ့အချိန်ကို ကျွန်တော်စောင့်နေပါ့မယ်။" ဝမ်ပေါင်လုကပြောသည်။

"မိန်းမစိုးဝမ်၊ ဂရုစိုက်ပြီးသွားပါ။" ယွီဝမ်ကျီကပြောသည်။

ဝမ်ပေါင်လုအား လိုက်ပို့ပေးပြီးသည်နှင့် ယွီဝမ်ကျီက သူ့ဇနီးကျန့်ရှီအား ချက်ချင်းသွားရှာသည်။

"အရှင်ဧကရာဇ်က ကျွန်မတို့ကို ဘာကြောင့်ရုတ်တရက်ကြီး ဆင့်ခေါ်ရတာလဲ။" အစေခံ၏ အကူအညီနှင့်အတူ အဝတ်လဲနေရင်း ကျန့်ရှီက ဇဝေဇဝါဖြင့်မေးသည်။ ယခုနှစ်တွင် သူမကအသက်လေးဆယ်နီးပါး ရှိပြီဖြစ်သော်လည်း ဆွဲဆောင်မှုရှိနေဆဲပင်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now