53

6.2K 1K 9
                                    

လင်းကျန်၏ မသိမသာရန်လိုမှု
......................................

အရှေ့မှလူက သူ့အကြိုက်နှင့်ကိုက်ညီလွန်း၍ဖြစ်မည်၊ ယွီဝမ်ထုန်၏ အမြဲလိုလို ခက်ထန်လေးနက်နေခဲ့သော မျက်နှာမှာ လင်းကျန်အားကြည့်နေရင်း နူးညံ့လာသည်။

"ကိုယ် မင်းကို ပြီးရင်ပြောပြမယ်။ ဒီနေရာမှာ အဲ့အကြောင်းပြောလို့ မသင့်တော်ဘူး။" ယွီဝမ်ထုန်ကပြောသည်။

'ကောင်းသားပဲ။ ကျွန်တော်လည်း ခင်ဗျားရဲ့နာမည်ကို မသိချင်ပါဘူး။ ခင်ဗျား ကျွန်တော့်ကို အဲ့အကြောင်း ဘယ်တော့မှ မပြောတော့ရင် အကောင်းဆုံးပဲ။' လင်းကျန်က ခပ်မြန်မြန်တွေးလိုက်သည်။

ဆေးစိုက်သူများက ကယ်ဆယ်ခံလိုက်ရသည်။ ကင်းလှည့်သမားများက ဒူးထောက်နေကြပြီး မလှုပ်ရဲချေ။ ထိုအခိုက်အတန့်တွင် သူတို့၏အခက်အခဲ ပျောက်ပြယ်သွားသည်။  သို့သော် ယွီဝမ်ထုန်က ဤကိစ္စနှင့်ဘာမှမသက်ဆိုင်ပုံပေါ်သော ကျန်းဆေးဆိုင်မှလူများဘက်သို့ လှည့်လိုက်သည်။

ဆိုင်ပိုင်ရှင်က ပါးနပ်သူဖြစ်ပြီး ယွီဝမ်ထုန်နှင့်အကြည့်ဆုံသောအခါ သူထွက်သွားသင့်ကြောင်း သိလိုက်သည်။ သူ့အရှေ့မှလူက မည်သူဖြစ်ကြောင်းကို သူမသိသော်လည်း ထိုလူတွင် မြင့်မြတ်သောအဆင့်အတန်းရှိမည်ဖြစ်ကြောင်း သူသိသည်။ ဆိုင်ပိုင်ရှင်က ရိုရိုသေသေ ဦးညွှတ်လိုက်ပြီး လင်းကျန်အားပြောသည်။ "သခင်လေး၊ ကျွန်တော့်ရဲ့ ဆိုင်မှာ လုပ်စရာလေးတွေ ရှိပါသေးတယ်။ ဒါ့ကြောင့် ကျွန်တော် သွားပါတော့မယ်။"

ဆိုင်ရှင်၏စကားများကြောင့် လင်းကျန်မှာ ယွီဝမ်ထုန်အား စိတ်ထဲ၌ ဆူပူနေရာမှ သတိဝင်လာသည်။ သူက ချက်ချင်းပြန်ပြောလိုက်သည်။ "လူကြီးမင်းရဲ့ စိတ်ရောကိုယ်ပါ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်ထန်းယန်ဆီရောက်ရင် လူကြီးမင်းဆီ ကျေးဇူးလာဆပ်ပါ့မယ်။"

"အဲ့လိုမပြောပါနဲ့ သခင်လေး။ ကျွန်တော်တို့ လက်တွဲလာကြတာ နှစ်တွေကြာပြီဆိုတော့ တစ်ယောက်ကိုတစ်ယောက် ကူညီရမှာပါ။" ဆိုင်ပိုင်ရှင်ကပြောသည်။ သူတို့က အာလာပသလ္လာပ အနည်းငယ်ပြောပြီးနောက် ခွဲခွာလိုက်ကြသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now