65

6.3K 1K 6
                                    

တံခါးပေါက်မှ ပြဿနာ
.............................

"ဘာဖြစ်နေတာလဲ။" လင်းကျန်က ခြေလှမ်းကို အရှိန်တင်လိုက်သည်။

ယွီဝမ်ထုန်က အနောက်မှအနီးကပ်လိုက်လာပြီး ဘာဖြစ်ပျက်နေသည်ကို အမြင်အာရုံကောင်းသောကြောင့် ရှင်းရှင်းလင်းလင်းမြင်နေရသည်။

လင်းမိသားစုစံအိမ်၏တံခါးပေါက်တွင် တန်ဖိုးကြီးအဝတ်အစားများအား ဝတ်ထားသည့် အမျိုးသားလေးယောက်နှင့် အမျိုးသမီးလေးယောက်တို့ ဒူးထောက်ကာ တောင်းပန်နေကြသည်။ သူတို့က ဤသို့အော်နေပုံရသည်။ "သခင်လေးလင်း၊ ကျွန်တော်၊ ကျွန်မတို့ရဲ့သားတွေကို ကျေးဇူးပြုပြီး လွှတ်ပေးပါ။" လင်းမိသားစုမှ အစေခံများက သူတို့အားမောင်းထုတ်ရန် ကြိုးစားခဲ့သေးသော်လည်း ဤလူတစ်စုသည် တရစ်ဝဲဝဲနေပြီး မထွက်သွားချေ။ အစေခံများက သူတို့အား အတင်းအကြပ်မမောင်းထုတ်နိုင်သဖြင့် အိမ်ထဲ မဝင်ရောက်နိုင်အောင်သာ တားဆီးထားနိုင်သည်။ ထိုမတိုးသာမဆုတ်သာအခြေအနေအား မြင်သောအခါ လင်းကျန်မျက်မှောင်ကြုတ်မိသည်။

အနီးသို့ရောက်လာသောအခါ ဤလူများက မည်သူဖြစ်ကြောင်း၊ ဘာပြောနေကြကြောင်း လင်းကျန်သိလိုက်သည်။

"အဲ့ဒါ သူတို့ပဲ။" လင်းကျန်က မျက်မှောင်ကြုတ်၍ပြောသည်။

"သူတို့က ဘယ်သူတွေလဲ။" ယွီဝမ်ထုန်က မေး၏။

"သူတို့က ကျွန်တော့်ကို ချောက်ချဖို့ ကျားယွမ်လင်းနဲ့ ပေါင်းကြံခဲ့တဲ့ လူလေးယောက်ရဲ့ မိဘတွေလေ။ ကိစ္စကို ဦးဆောင်ခဲ့တဲ့ ကျားယွမ်လင်းက ပြည်နှင်ဒဏ်အပေးခံလိုက်ရပြီ။ ကျန်တဲ့ပြစ်ဒဏ်အမျိုးမျိုးနဲ့ လူလေးယောက်က တရားရုံးအကျဉ်းထောင်မှာပဲ။" လင်းကျန်ကပြောသည်။

သူတို့၏ ပြစ်ဒဏ်အား ချမှတ်ပြီးသည်မှာ ကြာပြီဖြစ်သည်။ သူတို့၏မိဘများက ယခုအချိန်မှလာသာ၍ စက်ဆုပ်ဖွယ်ရာ လူတေလူညစ်များအဖြစ် ဘာကြောင့်ပြုမူနေကြသနည်း။

လင်းကျန်က အေးစက်စက်အကြည့်ဖြင့် လျှောက်သွားသည်။ "ခင်ဗျားတို့က ကျွန်တော့်ကိုရှာနေကြတာလား။"

လင်းကျန်ပေါ်လာသည်နှင့် ဤလူများက လင်းကျန်အားချက်ချင်း ဝိုင်းလိုက်ကြသည်။ ယခုအဖြစ်မှာ ဆာလောင်နေသော ဝံပုလွေအုပ်ထဲသို့ အသားလတ်လတ်ဆတ်ဆတ်အား ပစ်လိုက်သလိုပင်။ လင်းမိသားစုစံအိမ်မှ အစေခံများက လင်းကျန်မထိခိုက်စေရန် အရှေ့မှလာကာကွယ်ပေးကြသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now