7

8.9K 1.3K 7
                                    

မလိုမုန်းထားသောသဘောပေါ်ပေါက်လာခြင်း
.......................................................

အခြားလူများအား ပိုအံ့ဩစေသည်မှာ ယခင်ကဆိုလျှင် အမြဲတမ်းလိုလို ယဉ်ကျေးသိမ်မွေ့တည်ကြည်သော ကျားယွမ်လင်းက ယခုအခိုက်အတန့်တွင် ဤအမျိုးသမီးနှင့်လိင်ဆက်ဆံချင်နေသကဲ့သို့ နီမြန်းနေခြင်းပင်။

သူ့အဖေ၏ကိုယ်လုပ်တော်က မြေကြီးပေါ်၌ မသင့်တော်စွာလဲလျောင်းနေသည်။ သားဖြစ်သူကျားယွမ်လင်းက ထိုအမျိုးသမီးကို တစ်ချိန်လုံးကြည့်ရဲနေသည်။ သူ့ အပြုအမူမှာ ရယ်ဖွယ်ရာပင်။ ၎င်းက လင်းကျန်ပြောခဲ့သောစကားများကို သက်သေပြသည်။

ဤအချိန်တွင် ကျားယွမ်လင်းက သက်ပြင်းရှိုက်ရှုကာ တည်ငြိမ်ရန် မနည်းကြိုးစားနေရသည်။ ဤအမျိုးသမီး၏ခန္ဓာကိုယ်ကိုကြည့်ပြီးနောက် ဘာကြောင့် သူအလွန်ပူလောင်လာကာ တပ်မက်လာမှန်း သူနားမလည်နိုင်ပေ။ နတ်ဆိုးက သူ့ကိုထိန်းချုပ်ထားသည့်အလား သူ့အကြည့်များအား ရွှေ့ကို မရွှေ့နိုင်ပေ။ သို့သော် သူအခြားလူများ၏ရှေ့တွင် မြန်မြန်ငြင်းဆန်ရမည်။

"ငါမလုပ်ခဲ့ပါဘူး။ ကျန် မင်းဝန်ခံလိုက်ရင်ကောင်းမယ်နော်။ လာမငြင်းနဲ့။ တခြားလူကို လုပ်ဇာတ်လာခင်းမနေနဲ့။" ကျားယွမ်လင်းကပြောသည်။

သူ့ဖြစ်ပျက်နေပုံကို ကောင်းကောင်းဖုံးကွယ်နိုင်လိုက်သည်ဟု ကျားယွမ်လင်း ထင်နေသော်လည်း သူ၏လှောင်စရာအသွင်အပြင် ပေါ်ထွက်နေပြီးသည်မှာ အတော်ကြာပြီဖြစ်ကြောင်း မသိပေ။ သူသာ ထိုတဏှာရူးပုံစံဖြင့်မပြောလျှင် အခြားလူများကို သိမ်းသွင်းနိုင်လောက်သော်လည်း ယခုအခါ သူသည်...

လင်းကျန် ပတ်ပတ်လည်ကိုကြည့်လိုက်သောအခါ ၎င်းတို့၏မျက်လုံးများထဲ၌ ကျားယွမ်လင်းအပေါ် သံသယနှင့်မနှစ်မြို့မှုများအား ပြက်ပြက်ထင်ထင်မြင်လိုက်ရသည်။ ယခုအချိန်၌ ကျားယွမ်လင်းက မည်သို့ပင်ပြောပါစေ အခြားလူများယုံကြည်လက်ခံလာမည်မဟုတ်ကြောင်း သူသိလိုက်သည်။

လင်းယန် ရင်ထဲ၌ လှောင်ပြောင်လိုက်သည်။  ယခုတစ်ကြိမ်တွင် ကျားယွမ်လင်းနှင့်သူ့အဖော်များကို သူခံစားခဲ့ရသည်ထက် အဆတစ်ထောင်မျှ ပို၍နာကျင်အောင် ခံစားစေရမည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now