93

4.4K 726 5
                                    

ဆေးစိုက်သမားများကို နှစ်သိမ့်ခြင်း
............................................

ကံကောင်းစွာဖြင့် ဝူအားနျို၏တုံ့ပြန်ပုံက ကျားမိသားစု၏အိမ်တော်ထိန်းကို သံသယမဝင်စေပေ။ သို့သော် ဝူအားနျိုက အသုံးမကျမှန်း သူသဘောပေါက်ပြီးနောက် ဝူအားနျို၏လက်ထဲမှ အိတ်ကို ဒေါသတကြီးဆွဲယူကာ ငွေတုံးရှစ်ဆယ်အား ထုတ်ယူပြီး အိတ်ကိုဝူအားနျိုထံပြန်ပစ်ပေးလိုက်သည်။ "ဟွန်း၊ ဒီအတွက်နဲ့ ငွေတုံးတစ်ရာရမယ်လို့ မင်းထင်နေတာလား။ အိပ်မက်မက်နေတာ ရပ်စမ်းပါ။"

ဝူအားနျိုသည်လည်း ဒေါသထွက်နေသည်။ ဤငွေကိုရရန် သူ များစွာခံစားခဲ့ရပြီး လင်းမိသားစုသို့ပြန်ရောက်လျှင်လည်း ပို၍ပြင်းထန်သော ပြစ်ဒဏ်များ ခံစားရလောက်သည်။ သို့ရာတွင် ဤလူက အပေးအယူတစ်ဝက်တွင်ပင် ကတိဖျက်လိုက်သည်လား။

သူရုတ်တရက်မတ်တပ်ထရပ်ကာ ထိုင်ခုံကိုမ၍ ကျားမိသားစု၏အိမ်တော်ထိန်းဘက်သို့ အားပြင်းပြင်းဖြင့် ရိုက်ချလိုက်သည်။

အိမ်တော်ထိန်းက အချိန်မှီမရှောင်လိုက်နိုင်သဖြင့် ကျောဘက်၌ ပြင်းထန်စွာ အရိုက်ခံလိုက်ရသည်။ "အာ့။"

"မင်း...မင်း ဘာလုပ်နေတာလဲ။ အာ့။" အိမ်တော်ထိန်းက ဝူအားနျို၏လက်ထဲမှထိုင်ခုံကို ဆွဲယူရန်ကြိုးစားသော်လည်း နောက်တစ်ချက်အရိုက်ခံရပြန်သည်။ သူ့ရန်ဘက်ဆီမှ ထိုင်ခုံကိုမလုယူနိုင်မှန်းသိသောအခါ သူ့ထိုင်ခုံကိုမ၍ ပြန်ရိုက်သည်။ တိုက်ခိုက်နေစဉ်တွင် စားပွဲလန်သွားပြီး ပန်းကန်လုံးများ အစိတ်စိတ်အမွှာမွှာကွဲကာ တူများမြေကြီးပေါ်၌ ပြန့်ကြဲနေသည်။ အနီးအနားစားပွဲများ၌ ထိုင်နေကြသော စားသုံးသူများလည်း ထိခိုက်သွားသည်။

ခေါက်ဆွဲဆိုင်ပိုင်ရှင်က ဒေါသတကြီးကျိန်ဆဲသည်။ "မင်းတို့ ဘာလုပ်နေကြတာလဲ။ မင်းတို့ ပန်းကန်လုံးတွေအများကြီးကိုခွဲပြီး ငါ့ဖောက်သည်တွေကိုလည်း ခြောက်လိုက်တယ်။ ငါဒါကို ရုံးတော်ဆီ တင်ပြပြီး တရားစွဲမယ်။"

ဆိုင်ပိုင်ရှင်ထံမှ တရားစွဲမည်ဟု ခြိမ်းခြောက်ခံရသောအခါ ဝူအားနျိုနှင့် ကျားမိသားစု၏အိမ်တော်ထိန်းတို့ ရပ်လိုက်ကြသည်။ သူတို့ထဲမှ မည်သူမျှ ဤကိစ္စတွင် အာဏာပိုင်များအား ပါခွင့်မပြုနိုင်ပေ။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now