19

7.8K 1.1K 19
                                    

မြို့တော်က ယွီဝမ်မိသားစုအကြောင်း ကြားဖူးလား။
................................................................

ထန်းယန်တွင် အလားအလာကောင်းကာ အင်အားကြီးသော ကျားမိသားစုက လေးနာရီအတွင်း နိမ့်ကျသွားသည်။  ကျန်ချောင်းသည်ပင် ဝင်မကယ်ရဲပေ။

ဖြစ်စဉ်အဆင့်ဆင့်ကို စဉ်းစားကြည့်ပါက ကျားမိသားစုသည် လင်းကျန်တစ်ယောက်တည်းကြောင့် ပျက်စီးသွားကြောင်း သိနိုင်သည်။

ထိုအချိန်တွင် မတုံးအသူအားလုံးက တစ်စုံတစ်ရာအား သဘောပေါက်သွားသည်။ လင်းကျန်က ယီးတီးယားတား သွားလုပ်သင့်သူ မဟုတ်ပေ။

ထိုလူငယ်လေးက အစွန်းမရောက်တတ်ဘဲ ချည့်နဲ့စွာနေတတ်လေ့ရှိသည်။ သို့သော် သူက ရုတ်ချည်းပင် ရက်စက်သောနည်းလမ်းဖြင့် မြန်မြန်အရေးယူတတ်သူဖြစ်လာသည်။ ထို့ကြောင့် သူ့အား မှားယွင်းအကဲဖြတ်မိသည်ဟု လူအများအပြား၏ ရင်ထဲ၌ ညည်းတွားနေကြသည်။

ဆိုရိုးစကားဟောင်းကဲ့သို့ပင်။ "စည်းစိမ်ဥစ္စာရှိသူသည် မိမိ၏တန်ဖိုးအမှန်ကို အမွှမ်းတင်လိုခြင်းမရှိပါ။"

လင်းမိသားစုက အမှုအခင်းနိုင်သွားသည့်အတွက် အားလုံးနီးပါးက လင်းကျိုးဝမ်ထံလာကာ လင်းကျန်အားချီးမွမ်းကြသည်။

"သခင်လေးလင်းက ပါရမီထူးတဲ့ လူငယ်လေးပဲ။ သူက ကိစ္စတွေကို ဆောင်ရွက်ရာမှာ တည်ငြိမ်ပြီး ဆုံးဖြတ်ချက်ပြတ်သားတယ်။ ငါသူ့ကို တကယ် သဘောကျတယ်။"

"ငါလွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ သခင်လေးလင်းရဲ့အရွယ်ရောက်ပွဲကို တက်ရောက်ခဲ့တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူက ငါတို့ကိုအရွယ်ရောက်သူတစ်ယောက်ရဲ့သတ္တိကို ပြသခဲ့တယ်။ ကျိုးဝမ်၊ မင်းတို့လင်းမိသားစုကတော့ အရည်အချင်းပြည့်မှီတဲ့ဆက်ခံသူတစ်ယောက်ကို ရထားတာပဲ။"

ချီးမွမ်းမှုအမျိုးမျိုးကို ကြားရသောအခါ လင်းမိသားစု၏ဒုတိယသခင်ကြီးမှာ အနည်းငယ်ဇဝေဇဝါဖြစ်နေဆဲပင်။ သူက တူဖြစ်သူအကြောင်းကို ကောင်းကောင်းသိသည်။ လင်းကျန်ပြောင်းလဲသွားသည်ကို သူသဘောမပေါက်ဘဲ ဘယ်နေမည်နည်း။ ယခုအခါ လင်းကျန်က အခြားလူတစ်ယောက်လိုပင်။ အခြားတစ်ဖက်တွင် လင်းမိသားစု၏ဒုတိယသခင်ကြီးက သူ့တူ၏အကောင်းဘက်ပြောင်းလဲမှုကြောင့် ဝမ်းသာနေသော်လည်း ထိုပြောင်းလဲမှုသည် သူ့တူကြုံတွေ့ခဲ့ရသော ကြောက်မက်ဖွယ်ရာတစ်စုံတစ်ခုကြောင့် ဖြစ်နိုင်သည်ကို စိုးရိမ်နေမိသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now