103

4K 724 18
                                    

မင်းက လူကြီးလူကောင်းတစ်ယောက်ရဲ့နှလုံးသားကို----
.........................................................................

"ငါ ဒါကို မစားဘူး။"

ယွီဝမ်ချီက ပန်းကန်လုံးနှင့် တူများကို စားပွဲပေါ်မှ တွန်းဖယ်ပစ်လိုက်ရာ ၎င်းတို့မှာ မြေကြီးပေါ်သို့ ဂလုံးဂလွမ်နှင့် ပြုတ်ကျသွားပြီး တမင်းစေ့နှင့်ဟင်းများ နေရာအနှံ့ပြန့်ကြဲကုန်သည်။

"ဒါက ဘာတွေလဲ။ မင်းတို့က ဒါတွေကို စားစရာလို့ ခေါ်တာလား။ မင်းတို့က ငါ့ကိုဘယ်လိုလုပ် ဒီလိုစားစရာမျိုး လာပေးရဲရတာလဲ။ မင်းတို့ သေချင်နေတာလား။"

အစောင့်က မျက်မှောင်ပင်မကြုတ်ဘဲ တည်ငြိမ်နေသည်။ "မင်းဒီမှာရှိနေတာကို ငါတို့က လင်းမိသားစုရဲ့တစ်စုံတစ်ယောက်ကိုမှ သိခွင့်ပြုလို့မရဘူး။ တခြားရွေးချယ်စရာ အစားအသောက် မရှိဘူး။"

လင်းမိသားစု၏စားဖိုမှူးမှ အထူးပြင်ဆင်ပေးထားသော ဤစားစရာမှာ စစ်သူကြီးအတွက် ရည်ရွယ်သည်။ 'ဒါက လင်းမိသားစုမှာရှိတဲ့တခြားလူတွေစားရတာထက်တောင် ပိုကောင်းတယ်။ ဒါကိုတောင် သူကမကောင်းဘူးလို့ ထင်နေသေးတယ်။'

ယွီဝမ်ချီက ဧကရာဇ်ထက်ပင် ဂျီးများလွန်းသည်ဟု အစောင့်ကခံစားမိလိုက်သည်။

"ငါ့ရဲ့ ဝမ်းကွဲအစ်ကိုကို တွေ့ချင်တယ်။" ယွီဝမ်ချီက ဒေါသတကြီးပြောသည်။

"စစ်သူကြီးက အလုပ်များနေတယ်။ သူ့မှာ အချိန်မရှိဘူး။" အစောင့်က ထိုသို့ပြောပြီးနောက် မြေကြီးပေါ်မှ စားစရာများ၊ တူများနှင့် ပန်းကန်လုံးအပိုင်းအစများကို တံမြက်စည်းနှင့်ဂေါ်ပြားဖြင့် ရှင်းလင်းကာ ထွက်သွားသည်။

ဒေါသထွက်နေသည့် ယွီဝမ်ချီက အချိန်အတော်ကြာမျှ အော်နေသော်လည်း မည်သူမှမရောက်လာပေ။ သူက ကြိမ်းမောင်းလိုက်သည်။ "သောက်ကျိုးနဲ အစေခံတွေ။ မင်းတို့က ငါ့ကိုဘယ်လိုလုပ် ဒီလိုဆက်ဆံရဲရတာလဲ။ တစ်နေ့ ငါမြို့တော်ကို ပြန်ရောက်ရင် မင်းတို့တစ်ယောက်ချင်းစီကို ငါ့လက်နဲ့ကိုယ်တိုင် အရေခွံနွှာပစ်မယ်။"

စာကြည့်ခန်းထဲတွင်ထိုင်နေသည့်ယွီဝမ်ထုန်က အစွန်ခန်းမှ အော်သံကို ထင်ထင်ရှားရှားကြားရကာ အရေးမကြီးသကဲ့သို့ ပြောသည်။ "သူ့ကို လွှတ်ထားလိုက်။ သူ့ကိုယ်သူ အငတ်ခံမလားဆိုတာ ငါကြည့်နေဦးမယ်။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now