Minn Thit Kaung Yan (Kingsley)

9.3K 732 12
                                    

Name - မင်းသစ်ကောင်းယံ (Minn Thit Kaung Yan)
Nickname - Kingsley
(သူ႔ပုံလေးတော့မအပ်ရသေးလို့ နောက်မှပြမယ်နော်)

သူကတော့ မြန်မာနိုင်ငံမှာမွေးဖွားပေမယ့် မိဘမဲ့လေးဖြစ်လို့ နိုင်ငံခြားသား လင်မယားနှစ်ယောက်က မွေးစားခဲ့ပြီး UK မှာ အခြေချနေထိုင်သူပါ။ ၇ နှစ်အရွယ်ကတည်းက မွေးစားမိဘများနဲ့ နေထိုင်ပြီး ပျော်ပျော်နေတတ်သူလေး၊ သမိုင်းသုတေသီဖြစ်တဲ့ မွေးစားဖခင်ကြောင့် ကိုယ်တိုင်ကလဲ မွေးစားဖခင်နဲ့ အတူတူ လေ့လာဖြစ်တဲ့ သမိုင်းကြောင်းတွေ အများကြီးရှိပါတယ်။ နောက်ပိုင်းတော့ မွေးစားဖခင်ရဲ့အဆက်အနွယ်ကြောင့် အကြီးပိုင်းအရာရှိတွေရဲ့ အားထားရတဲ့ သက်တော်စောင့်အဖြစ် အလုပ်လုပ်နေသူပါ။ Privacy အရ နာမည်အရင်းအစား Nickname သဘောမျိုးနဲ့သာခေါ်ဆိုကြတာမို့ တာဝန်ထမ်းဆောင်ချိန်မှာ သူ့ရဲ့နာမည်ကို (Kingsley) လို့ခေါ်ဝေါ်ကြပါတယ်။ တရက်မှာတော့ တာဝန်ယူပေးထားရတဲ့ VIP လုပ်ကြံခံရမှုကို ဝင်ကာကွယ်ရင်း ပြင်းထန်ဒဏ်ရာရရှိသွားတဲ့ မင်းသစ်ကောင်းယံ@Kingsley က ပြန်လည်နိုးထချိန်မှာတော့ 13 ရာစုကိုရောက်နေတဲ့အပြင် အခြားသူတစ်ဦးရဲ့ ကိုယ်ခန္ဓာထဲကိုရောက်ရှိနေခဲ့ပါတယ်။

သူနိုးထခဲ့ရာ ခန္ဓာကိုယ်ပိုင်ရှင်က တော်ဝင်မင်းသား Isaac ရဲ့ ကိုယ်ရံတော်ဖြစ်သူ ကိုယ်ခန္ဓာပါ။ သူနဲ့နာမည်ရော၊ရုပ်ရည်ရော ထူးခြားစွာတူနေခဲ့သူပေါ့။

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now